🎶Music in this chapter 🎶
Mozart - Requiem in D Minor, K.626
*****
Unicode
**Translator's note**
ဒီအပိုင်းကနေစပြီး နောက်ပိုင်းဇာတ်လမ်းမှာ တောက်လျှောက်ပါလာမယ့် ဗြိတိသျှအင်ပါယာယဉ်ကျေးမှုရဲ့ ရာထူးဘွဲ့အမည်တွေအကြောင်းကို စာဖတ်သူများ နားလည်လွယ်စေဖို့ အနည်းငယ် ရှင်းပြပါ့မယ်။ ၁၈၃၇ခုနှစ် ဝိတိုရိယခေတ်ကစပြီး ဗြိတိန်ရဲ့ မင်းမျိုးမင်းနွယ်များနဲ့ ဂုဏ်သရေရှိမျိူးရိုးသတ်မှတ်ခံရသူ မိသားစုများကို ဘွဲ့ရာထူးများ မျိုးရိုးစဉ်ဆက်ပေးအပ်ခဲ့တယ်။ ထိုဘွဲ့ရာထူးများကို နာမည်ရှေ့မှာ တပ်ခေါ်ရပါတယ်။ အမြင့်ဆုံး ဘွဲ့ကတော့ Duke ဖြစ်ပြီး အများသောအားဖြင့် မင်းမျိုးမင်းနွယ်တွေကို ပေးတဲ့ဘွဲ့ပါ။ ဥပမာ- ဗြိတိန်အိမ်ရှေ့မင်းသား ဝီလျံ Prince William ဟာ Duke of Cambridge ပါ။ Duke ရဲ့နောက်မှာ အစဉ်လိုက်လိုက်တဲ့ ဘွဲ့တွေကတော့ Marquess, Earl, Viscount နဲ့ Baron တို့ ဖြစ်ပါတယ်။ မြန်မာလို ပြန်ရရင်တော့ နယ်စား၊ခရိုင်စား၊ မြို့စား၊ ရွာစား စတဲ့ ဘွဲ့တွေနဲ့ ဆင်တူပါတယ်။ ဒီဘွဲ့ရာထူးတွေဟာ ကာယကံရှင်က မစွန့်လွှတ်လျှင် မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းရပါတယ်။
အချက်အလက်များမှာ ဘာသာပြန်သူမှ ရှာဖွေဖတ်ရှုထားသော အချက်အလက်များဖြစ်ပြီး မှားယွင်းမှု တစုံတရာ ရှိပါက ကြိုတင်တောင်းပန်အပ်ပါတယ်။
*****
အမှတ် 117B၊ လော့ရှစ် လမ်းသွယ်
ဒူဝှစ်ရှ် ရပ်ကွက်၊ လန်ဒန်။
၂၀၀၀ ခုနှစ်၊ ဇွန်လလည်။
ဂီတသံစဉ်ဟာ လေထုထဲမှာ ပြန့်နှံ့နေတယ်။ Jumpol ရဲ့လက်ချောင်းတွေဟာ စန္ဒရားခလုတ်တွေပေါ် ကခုန်နေသလို Mozart ရဲ့ Requiem in D Minor, K.626 တေးသွားကို ကျွမ်းကျင်စွာတီးနေတယ်။
အဖိုးဖြစ်သူရဲ့ ဈာပနအခမ်းအနားပြီးဆုံးသွားတာ ၂ ရက်ရှိပြီ။ အစေခံတွေဟာ Jumpol အဖိုးရဲ့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ရိပ်သာကိုလှူဖို့ သိမ်းဆည်းရင်း အလုပ်ရှုပ်နေကြတယ်။ Jumpol နဲ့ မိဘတွေက ဧည့်ခန်းထဲမှာ ရှိနေကြတယ်။ Jumpol ရဲ့ အစ်မဖြစ်သူ Am ကတော့ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်တက္ကသိုလ်၊ ကွီစထရောင်း စီးပွားရေးကျောင်းမှာ တက်နေပြီး နောက်ဆုံးစာတမ်းတင်ဖို့ရှိနေတဲ့အတွက် ဈာပနကို ရောက်မလာနိုင်ခဲ့ဘူး။
YOU ARE READING
[Completed] သန်းခေါင်ယံကကြိုး (ဘာသာပြန်)
Romance[Completed] တမြေ့မြေ့ခံစားရမယ့် ဘာသာပြန် OffGun fic ပါ။ မူရင်းဇာတ်လမ်း Wawaowai ၏ A Late Night Waltz အား Again ၏ English ဘာသာပြန်မှ တဆင့် ဘာသာပြန်ဆိုထားပါတယ်။