အိမ်မက်ရိုင်း/ မ်မက်ရိုင်း (Part 1)

813 107 7
                                    

🎶 Music in this chapter 🎶

Dmitri Shostakovich - The Second Waltz

*****

Unicode

အမှတ် 31A၊ ကစ်ပင်မြို့

အနောက် စတာလင်းရှိင်ယာ ခရိုင်၊ စကော့တလန်။

၂၀၀၀ ခုနှစ် ဇွန်လကုန်။

New ဟာ မျက်တောင်မခတ်ဘဲ Jumpol ကို ကြည့်လိုက် သူ့ရှေ့ကပန်းချီကားကို ကြည့်လိုက် လုပ်နေတယ်။ အံ့ဩလွန်းလို့ စကားတောင် မပြောနိုင်ဘူး။

အစေခံတွေဟာ နေ့လည်ခင်းလောက်မှ ထပ်ခိုးက ဖုန်တွေနဲ့ ပင့်ကူအိမ်တွေကို ရှင်းလို့ပြီးတယ်။ ဒီအိမ်ကြီးမှာ ၅နှစ်လုံးလုံး တမင်ဖွက်ထားတဲ့ နေရာကို ဘယ်လိုများရှာတွေ့သွားတာလဲလို့ Jumpol ကို Chinnarat က မေးချင်ပေမယ့် မမေးရဲဘူးဖြစ်နေတယ်။ အဲ့ဒီ လျို့ဝှက်ခလုတ်ကိုလည်း မမြင်ရအောင် နံရံကပ်စက္ကူတွေ၊ ပန်းချီကားတွေနဲ့ ဖုံးထားခဲ့တာ။ တစ်ယောက်ယောက်ကသာ မပြရင် ဘယ်လိုမှ တွေ့စရာအကြောင်းမရှိဘူး။ မနေ့ည ညစာစားတုန်းက Jumpol တွေ့လိုက်တဲ့ သရဲကများ ပြလိုက်တာလား။ ပြီးတော့ သရဲကို ကြည့်ပြီး ခင်ဗျားသားလားလို့ မေးပုံထောက် လူငယ်ဖြစ်ပုံပဲ။ ဒါပေမယ့် သူတို့ ဒီအမှတ် 31A မှာနေခဲ့တဲ့တလျှောက် သိသလောက်တော့ Adulkittiporn မျိုးရိုးမှာ အသက်ငယ်ငယ်နဲ့ သေသွားတဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။ သူတို့ဟာလည်း မျိုးရိုးစဉ်ဆက် ဒီအိမ်ကြီးမှာပဲ သစ္စာရှိစွာ အလုပ်လုပ်ခဲ့ကြတာ။ Chinnarat ဆို သူ့အဖိုးလက်ထက်တည်းက ဒီအိမ်ကြီးရဲ့ အိမ်တော်ထိန်းအလုပ်ကို ဆက်ခံလာခဲ့တာ။ ဒီအိမ်ကြီးရဲ့ ပြောမကုန်နိုင်တဲ့ ဇာတ်ကြောင်းတွေ၊ အဖြစ်အပျက်တွေ အားလုံးကို ငယ်ငယ်တည်းက နားရည်ဝအောင် ကြားဖူးခဲ့တာ။ ဒါမှမဟုတ် တကယ်ပဲ ဒီအိမ်ကြီးမှာ သူတို့ မသိသေးတဲ့ လျို့ဝှက်ချက်တွေ ရှိနေတာလား။

" Earl Jumpol... ဒီနားမှာ ရပ်ကြည့်" New က Jumpol လက်မောင်းကိုဆွဲပြီး ပုံတူပန်းချီကားကြီးဘေးမှာ ရပ်ခိုင်းတယ်။ ပိုပြီး သေချာယှဉ်ကြည့်ချင်သလိုပဲ။

[Completed] သန်းခေါင်ယံကကြိုး (ဘာသာပြန်)Where stories live. Discover now