ကြယ်တွေခိုးယူတဲ့ ဒေစီ/ ၾကယ္ေတြခိုးယူတဲ့ ေဒစီ (Part 2)

579 82 17
                                    

🎶 Music in this chapter 🎶

Liszt - La Campanella

*****

Unicode

Phunsawat စံအိမ်၊ ကွင်းဖယ်ရီလမ်း၊

အက်ဒင်ဘရာ၊ စကော့တလန်။

သတင်းဆိုး၊ ၁၈၉၉ခုနှစ်။

Gun Atthaphan Phunsawat ကို အေးမြတဲ့ ဆောင်းဦးရာသီရဲ့ အာရုဏ်ဦး မနက်ခင်း တစ်ခုမှာ မွေးဖွားခဲ့တယ်။ နီဝါရောင် မေပယ်ပင်ကိုင်းတွေပေါ်မှာ ကျေးငှက်တို့ရဲ့ မြည်တွန်သံနဲ့အတူ မွေးကင်းစ နီတာရဲကောင်လေးဟာ အမြွှာညီမလေးထက် ၃ မိနစ်စောပြီး မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ လူလောကကြီးထဲကို ပထမဆုံးရောက်လာခဲ့တယ်။ ကလေးငိုသံကြားလိုက်ရချိန်ဟာ ကွင်းဖယ်ရီလမ်းထောင့်က စံအိမ်မှာ ရှိတဲ့လူတွေအားလုံးအတွက် ကြည်နူးဝမ်းသာစရာ အခိုက်အတန့်တစ်ခုပါပဲ။

Viscountess Phunsawat ဟာ ပင်ပန်းနာကျင်နေတဲ့ကြားက အခန်းရှေ့မှာ ခင်ပွန်းဖြစ်သူရဲ့ စိတ်လှုပ်ရှားစွာ ခေါက်တုံ့ခေါက်ပြန် ဖြတ်လျှောက်နေတဲ့ ခြေသံတွေကို ကြားနေခဲ့တယ်။ အဲ့ဒီတုန်းက ငယ်ရွယ်လှပခဲ့တဲ့ သခင်မဟာ မွေးခါစသားလေးရဲ့ အော်ငိုသံကို ကြားလိုက်တာနဲ့ မျက်ရည်တွေဖြိုင်ဖြိုင်ကျလာတဲ့ ခင်ပွန်းဖြစ်သူရဲ့ ပုံစံကို အခုထိမှတ်မိနေသေးတယ်။ အမြွှာသမီးလေးကို မွေးဖို့ အားယူနေတဲ့ တဒဂ်လေးမှာ သားငယ်လေးကို ရင်ခွင်ထဲပိုက်ပြီး ကြည်နူးမျက်ရည်တွေကျနေတဲ့ ခင်ပွန်းဖြစ်သူကို လှမ်းမြင်ခဲ့ရတယ်။ Viscount Phunsawat ဟာ သားလေးကို ချစ်မြတ်နိုးခြင်း၊ ဂုဏ်ယူခြင်း၊ ပျော်ရွှင်ခြင်း စတဲ့ ခံစားချက်များစွာနဲ့ ငေးကြည့်ရင်း ငိုနေခဲ့တယ်။ သူ့တို့ရဲ့ ဘဝထဲကို ပျော်ရွှင်ခြင်းရဲ့ အလင်းရောင်တွေကို ဆောင်ကြည်းပေးမယ့် ကြယ်ပွင့်လေးကို မွေးဖွားလာခဲ့တာပါပဲ။

၁၈နှစ်ကြာပြီး ဒီနေ့မှာတော့ ဒီစံအိမ်ကြီးဆီကို ဒုန်းဆိုင်းမောင်းလာတဲ့ မြင်းရထားတစ်စီးနဲ့ အတူ တုန်ရင်နေတဲ့ အစေခံတစ်ယောက်ဟာ သူတို့ ဘယ်လိုမှမမျှော်လင့်ထားတဲ့ သတင်းဆိုးနဲ့ စာတစ်စောင်ကို ယူလာပေးခဲ့တယ်။ စံအိမ်သခင်မဟာ ခင်ပွန်းဖြစ်သူရဲ့ ရင်ခွင်ထဲ အရုပ်ကြိုးပြတ် လဲကျသွားပြီး အခုချက်ချင်း ကစ်ပင်ကို ပြန်ဖို့နဲ့ သားဖြစ်သူ ဘာမှမဖြစ်ဖို့ တဖွဖွ ရေရွတ်ဆုတောင်းလိုက်တယ်။

[Completed] သန်းခေါင်ယံကကြိုး (ဘာသာပြန်)Where stories live. Discover now