ဆန်းကြယ်သော ချစ်ခြင်းမေတ္တာ/ ဆန်းကြယ်သော ချစ်ခြင်းမေတ္တာ (Part 2)

588 95 12
                                    

Unicode

အမှတ် 31A ကစ်ပင်မြို့၊

အနောက် စတာလင်းရှိင်ယာ ခရိုင်၊ စကော့တလန်။

၂၀၀၀ ခုနှစ်၊ ဩဂုတ်လဆန်း။

"မင်း တကယ် အိမ်မပြန်ချင်သေးတာ သေချာလား Peng?"

Tay Tawan က ပန်းချီကားဘောင်ကို ဂရုတစိုက်ဖြုတ်နေတဲ့ ချစ်သူငယ်ချင်းကို ကြည့်နေတယ်။ Jumpol က Gun ဆွဲခဲ့တဲ့ ပန်းချီကားအနောက်မှာ ညှပ်ထားတဲ့ စာရွက်လေးကို ဆွဲထုတ်လိုက်တယ်။ အိုဟောင်းနေတဲ့ စာရွက်လေးဟာ ဝါဖန့်ဖန့်အရောင်ပြောင်းနေပြီဖြစ်ပြီး အထဲက စာတွေဟာလည်း မှေးမှိန်နေတယ်။ သူ့ခေါင်းထဲမှာ စွဲနေအောင် အလွတ်ရနေတာကြောင့်သာ မဟုတ်ရင် Jumpol ဒီစာထဲမှာ ဘာရေးထားလဲဆိုတာ ဖတ်လို့ရမှာ မဟုတ်ဘူး။ ဒီစာလေးက သူ့ဘိုးအေဖြစ်သူရဲ့ ဘဝတစ်လျှောက်လုံး ဘာလုပ်လုပ် စိတ်လိုက်မာန်ပါ မလုပ်ဖို့ အမြဲသတိပေးခဲ့တယ်။

"မင်း အခု စမထွက်ရင် ညရောက်တဲ့အထိ ကားမောင်းနေရမယ်နော်" Jumpol က သူ့သူငယ်ချင်းကို တစ်ချက်လှည့်ကြည့်ကာ ပြောလိုက်ပြီး ပန်းချီကားကို သေချာပြန်တပ်လိုက်တယ်။ ပြီးတော့ အခန်းထဲက အမြဲချိတ်ထားတဲ့ နံရံပေါ်မှာ ပြန်ချိတ်လိုက်တယ်။ အဝါရောင်သန်းနေတဲ့ စာရွက်လေးကိုတော့ ပလက်စတစ်အကြည် အိတ်လေးထဲ သေချာထည့်လိုက်တယ်။ ပြီးရင် Gun Atthaphan ရဲ့ အနှစ်သက်ဆုံးပစ္စည်းတွေထည့်ထားတဲ့ သေတ္တာထဲ ထည့်သိမ်းရမယ်။

Jumpol Adulkittiporn ဟာ တတ်နိုင်သလောက် အမှတ်တရတွေကို စုဆောင်းနေမိတယ်။ နေ့ရက်တိုင်း သူသတိရနေချင်တယ်။

မွန်းတည့်ချိန်တောင် ရောက်တော့မယ်။ ပြတင်းပေါက်ကနေ မြင်နေရတဲ့ နေမင်းကြီးဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေတယ်။ အခန်းထဲကို ခပ်နွေးနွေး အလင်းရောင်ကို ပို့လွှတ်ပေးနေတယ်။ Jumpol ဟာ ဒီဇာတ်လမ်းဟောင်းလေးကို လက်လွှတ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ သူ့ရဲ့ ပုံမှန်ဘဝထဲကို ပြန်သွားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

"လန်ဒန်ကို တကယ် ငါအရင် ပြန်ရမှာလား Peng? မင်း အဆင်သင့်ဖြစ်မှ မင်းနဲ့အတူတူငါ ပြန်လည်းရတာပဲ"

[Completed] သန်းခေါင်ယံကကြိုး (ဘာသာပြန်)Where stories live. Discover now