Unicode
**Note: ဒီအပိုင်းကစပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကို ပြန်သွားတာတွေ ပါလာပြီမို့လို့ စာပိုဒ်ထိပ်တွေက နေရာနဲ့ ခုနှစ်သက္ကရာဇ်တွေကို သတိပြုပေးကြပါ။
အမှတ် 31A၊ ကစ်ပင်မြို့
အနောက် စတာလင်းရှိင်ယာ ခရိုင်၊ စကော့တလန်။
၂၀၀၀ ခုနှစ်၊ ဇွန်လကုန်။
တကယ် ကသိကအောက်နိုင်တဲ့ ညစာစားခြင်း ပြီးဆုံးသွားတာနဲ့ Jumpol နဲ့ Tay တို့ဟာ သူတို့ရဲ့ အခန်းတွေဆီ ပြန်တက်လာကြတယ်။ သူတို့တော်တော် အိပ်ချင်နေကြပြီ။ Chinnarat ကတော့ Jumpol ရဲ့အမေ Dararat က သူမရဲ့သား ဒီလိုတွေကြုံလာနိုင်တယ်လို့ သူ့ကို ဖုန်းဆက်တုန်းက ပြောထားကြောင်း Jumpol ကိုပြောပြတယ်။ Dararat က တကယ်လို့များ Jumpol သူ့ဘိုးအေဖြစ်သူ (*သူ့အဖိုးရဲ့ ဖခင်) ရဲ့ ဝိဥာဉ် နဲ့ တွေ့ပြီး ဒုက္ခဖြစ်ခဲ့ရင် သူမကို အကြောင်းကြားဖို့ မှာထားတယ်။ ဒါကြောင့် အဲ့ဒီလိုတွေ ဖြစ်လာခဲ့ရင် သူတို့ကို အားမနာဘဲ ချက်ချင်းပြောဖို့ Chinnarat က Jumpol ကို ပြောတယ်။
"တောင်ခြေမှာ ဘုရားကျောင်းတစ်ကျောင်းရှိတယ် သခင်လေး...အဲ့ဒီက ခရစ်ယာန်ဘုန်းတော်ကြီးကို အကူအညီတောင်းလိုက်ရမလား?" Chinnarat က Jumpol နဲ့ Tay ကို အိပ်ခန်းသို့ ပြန်လိုက်ပို့ရင်း ဂရုဏာသက်စွာပြောတယ်။ Jumpol က မငြင်းချင်တော့တာနဲ့ ခေါင်းပဲ ညိတ်ပြလိုက်တယ်။
"ဂွတ်နိုက် Tay" Jumpol က အိပ်ခန်းတံခါးကို တွန်းဖွင့်ရင်း သူ့သူငယ်ချင်းကို နှုတ်ဆက်လိုက်တယ်။
"ဟေ့ ဟေ့ကောင် နေဦး!" Tay က ကမန်းကတန်း Jumpol ကို လှမ်းတားလိုက်တယ်။
"ဘာလဲ?"
"အဲ ဟိုဟာလေ Peng..." Tay က ခေါင်းကို ခပ်ပြင်းပြင်းကုတ်ရင်း Jumpol နဲ့ အကြည့်ချင်းမဆုံရဲဖြစ်နေတယ်။
"ဘာလဲကွာ?...မြန်မြန်ပြော ငါအိပ်ချင်လှပြီ"
Tay က တိုးတိုးလေးကပ်မေးတယ် " သရဲ ရှိသေးသလား?"
Jumpol က ရုတ်တရက် တောင့်ခနဲဖြစ်သွားပြီး သူ့နောက်ကျောဟာ မခံနိုင်လောက်အောင် အေးလာတာကို ခံစားလိုက်ရတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း ပိုကြောက်မှာစိုးလို့ ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်တယ်။
YOU ARE READING
[Completed] သန်းခေါင်ယံကကြိုး (ဘာသာပြန်)
Romans[Completed] တမြေ့မြေ့ခံစားရမယ့် ဘာသာပြန် OffGun fic ပါ။ မူရင်းဇာတ်လမ်း Wawaowai ၏ A Late Night Waltz အား Again ၏ English ဘာသာပြန်မှ တဆင့် ဘာသာပြန်ဆိုထားပါတယ်။