တောင်တွေကိုကျော်ဖြတ်ကာ အဝေးသို့/ တောင်တွေကိုကျော်ဖြတ်ကာ အဝေးသို့ (Part 1)

727 97 21
                                    

🎶 Music in this Chapter 🎶

Frederic Chopin - Waltz in A minor

Beethoven - Moonlight Sonata (Third movement)

Johann Strauss II - The Blue Danube Waltz

Loving Caliber - It Should Have Been You
*****

Unicode

မှတ် 31A ကစ်ပင်မြို့

အနောက် စတာလင်းရှိင်ယာ ခရိုင်၊ စကော့တလန်။

Baron Wanchana ရဲ့ ရန်စ၊ ၁၈၉၈ ခုနှစ်။

ဆောင်းဦးဟာ ကစ်ပင်ကို ဝင်ရောက်လာပြီ။ အိမ်နောက်ခြံဝန်းထဲက တတိုင်းမွှေးပင်ကြီးဟာလည်း ရွှေဝါရောင်တောက်နေပြီး ရွက်ဟောင်းတို့ ကြွေဖို့ အသင့်ဖြစ်နေပြီ။ ကစ်ပင်ရဲ့ ကောင်းကင်ဟာ အုံ့အုံ့မှိုင်းမှိုင်းဖြစ်နေပေမယ့် မိုးကတော့ နည်းသွားပါပြီ။

Off ခမျာ ဒီရက်ပိုင်း သူ့ရဲ့ လွတ်လပ်ခွင့်ကို အကြီးအကျယ် ဆုံးရှုံးနေတယ်။ ကပွဲတွေ တက်ရတာ၊ ဖို့ဒ်မြစ်နားက တောထဲမှာ သမင်လိုက်ရတာ၊ Krist တို့ Singto တို့နဲ့ ကစ်ပင်တစ်ခွင် လျှောက်သွားရတာဟာ ဘယ်တုန်းကမှန်းတောင် သူ မမှတ်မိတော့သလိုပဲ။ သူ့မိဘတွေက သူ့ကို ဘယ်အချိန်ထိ အိမ်မှာ ပိတ်လှောင်ထားဦးမလဲ မသိဘူး။ သူ ဒယ်ခိသ်ကို ပြန်သွားမယ်လို့ မပြောမချင်း ထင်တာပဲ။ အဲ့လိုဆိုရင်တော့ သူတစ်သက်လုံး ဒီအတိုင်းနေရမယ့်ပုံပဲ။

Off က သူ့အဖေနဲ့ Earl Jiravech တို့ အပြန်အလှန် စာတွေပို့နေကြတာကို သိတယ်။ သူ့အဖေက Off ရဲ့ ဆယ်ကျော်သက်အရွယ် အရူးထတဲ့ ခံစားချက်တွေကို ဂရုမစိုက်ဖို့နဲ့ သူ့သားဟာ အခုနောင်တရနေပြီမို့လို့ မကြာခင် ဒယ်ခိသ်ကို ပြန်လာပြီး Mild ကိုလာတောင်းပန်ပါ့မယ်ဆိုတဲ့ အကြောင်း Earl Jiravech ကို အာမခံတယ်။ Off ကတော့ ဘာမှပြောမနေတော့ဘဲ သူ့အဖေစိတ်တိုင်းကျလုပ်နေတာကိုသာ ထိုင်ကြည့်နေလိုက်တော့တယ်။ Phunsawat ဆိုတဲ့ နာမည်သာ မပါရင်ပြီးတာပဲ။

[Completed] သန်းခေါင်ယံကကြိုး (ဘာသာပြန်)Where stories live. Discover now