Special 3: 🔞 မွေးနေ့လက်ဆောင်/ မွေးနေ့လက်ဆောင်

420 18 5
                                    

Unicode

[ဒီအပိုင်းမှာ အပိုင်းတို ၂ ပိုင်း ပါဝင်ပြီး မူရင်းစာရေးသူရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။]

[🚨Warning: တစ်ကိုယ်ရည် အာသာဖြေခြင်း၊ လိင်ပိုင်းဆိုင်ရာဇာတ်ကွက်များ ၊ စိတ်ကျခြင်းဆိုင်ရာ အတွေးအခေါ်များအတွက် ဒီအပိုင်းကို 18+ သတ်မှတ်ထားပါတယ်။]

*****

အပိုင်း ၁ : "INTERMEZZO - အခန်းပြောင်းတီးလုံး"

(Translator's note: ဒီအပိုင်းတိုတစ်ခုလုံးဟာ Viscount Gun ရဲ့ POV ဖြစ်ပါတယ်။)

*****

"အဝတ်မဲ့တဲ့ ခန္ဓာကိုယ်ကို မင်းကို ပြချင်တယ် ချစ်သူ

ကိုယ့်နှုတ်ခမ်းတွေပေါ် နက်နက်ရှိုင်းရှိုင်းအနမ်းတွေနဲ့အတူ နိုးထချင်တယ်

ချွေးစက်တွေကြားမှာ ကခုန်ရင်း... ဗလာနိထ္ထိ ဘာမှမရှိခြင်းဆီကို ယစ်မူးစီးမျောပျောက်ကွယ်သွားချင်တယ်

အချစ်ဆိုတဲ့ ပင်လယ်ကြီးကို ကူးခတ်ဖို့ရာ မွန်းကျပ်လွန်းလို့ တစ်ထောက်နားရင်းနဲ့လေ"

*****

နွေနှောင်းပိုင်း၊ ၁၈၉၉ ခုနှစ်

["အရက်စက်ဆုံးမုသား (Part 2)" မှာ Viscount Phunsawat က Earl Off နဲ့ Gun ကို တွေ့ခွင့်မပေးတဲ့ အချိန်]

ဖခင်ဖြစ်သူက Earl Off နဲ့ တွေ့ခွင့်မပေးတဲ့ နွေရက်တွေမှာ Viscount Gun Atthaphan Phunsawat ဟာ Paganini တွေးသွားတွေကို ထပ်ခါထပ်ခါ တီးခတ်ရင်း၊ ညီမဖြစ်သူနဲ့အတူတူ စာအုပ်တွေကို ဖတ်ရင်း ငူငူငိုင်ငိုင်နဲ့ အချိန်တွေကို ကုန်ဆုံးနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှမသိတာက မှောင်မိုက်တဲ့ ညတွေမှာGun ဟာ စိုစွတ်နေတဲ့ ငှက်မွှေးခေါင်းအုံးတွေနဲ့ တွန့်ကြေနေတဲ့ ခြုံစောင် အိပ်ယာခင်းတွေကြားမှာ လွန့်လူးရင်း စိတ်ဆန္ဒတွေကို သွန်မှောက်ချနေမိတယ်ဆိုတာကိုပဲ။

ဝေးကွာခြင်းဟာ အလွမ်းတွေကိုသာမက စွဲလန်းမှုတွေကိုပါ ဖန်တီးတယ်။ Viscount Gun ရဲ့ ခုတင်ပေါ်မှာ Earl Off ရဲ့ ရမ္မက်ဆန်တဲ့ စာတွေနဲ့ ပြည့်နေတယ်။ သူ့ရဲ့ စွဲမက်ဖွယ်နှုတ်ခမ်း၊ ညှို့ယူတဲ့ လည်တိုင်၊ သူ့အသွေးအသားကိုလိုချင်တက်မက်တဲ့အကြောင်း ဖွဲ့နွဲ့ထားတဲ့ စာတွေ။

[Completed] သန်းခေါင်ယံကကြိုး (ဘာသာပြန်)Where stories live. Discover now