Unicode
(🚨သတိပေးချက် - ဝိဥာဉ် POV, heavy angst!)
-------------------------
မင်းကို ချစ်ရတာဟာ ကိုယ့်ကိုယ်ကိုယ် မုန်တိုင်းထဲကို လွင့်စင်စေလိုက်သလိုပါပဲ
ကိုယ့်ခန္ဓာဟာ မိုးရေစက်တွေအဖြစ် အရည်ပျော်သွားတယ်
မင်းကို ထိတွေ့ခွင့်ရဖို့ ကိုယ်စောင့်နေတုန်းပဲ
ကိုယ့်ရဲ့ နှလုံးသားဟာလည်း မြူခိုးတွေကြားမှာ စောင့်စားနေတုန်းပါပဲ
-------------------------------
အမှတ် 31A၊ ကစ်ပင်မြို့၊
အနောက် စတာလင်းရှိင်ယာ ခရိုင်၊ စကော့တလန်။
အေးစက်သော မြူခိုး၊ ၁၉၁၉ခုနှစ်။
Viscount Gun Atthaphan Phunsawat ဟာ နှစ်ပေါင်းများစွာ အအေးဓာတ်ကိုတောင့်ခံရင်း လေထဲမှာ မီးခိုးငွေ့တစ်ခုလို မျောလွင့်နေလေရဲ့။ သူရဲ့ ဖြစ်တည်မှုဟာ ရှူရှိုက်လို့ရပေမယ့် အကောင်အထည်မမြင်ရတဲ့ လေတွေလို၊ ကမ္ဘာလောကကြီးရဲ့ ဘယ်သူမှမမြင်ရတဲ့ လျို့ဝှက်ချက်တစ်ခုလိုပါပဲ။
ချစ်သူရဲ့ မြင်းရထား တဖြည်းဖြည်းအိုဟောင်းလာတာနဲ့အတူ နောက်ဆုံး မီးရှို့ဖျက်ဆီးခံရကာ ပြာကျသွားတဲ့ အချိန်မှာလည်း Gun ဟာရှိနေခဲ့ပါတယ်။ မြင်းစောင်း ပျောက်ကွယ်သွားပြီး မြင်းဟီသံတွေကို မကြားရတော့တဲ့ အချိန်မှာလည်း Gun ရှိနေခဲ့ပါတယ်။ ကမ္ဘာကြီးက ပြောင်းလဲသွားပေမယ့်လည်း Gun ကတော့ ဒီနေရာလေးမှာပဲ မပြောင်းမလဲ ရှိနေခဲ့တယ်။ သူနဲ့အတူတူ ပြောင်းလဲခြင်းမရှိ အဖော်ပြုပေးနေတာကတော့ ဒီအိမ်ကြီးရဲ့ ကျောက်နံရံတွေရယ်၊ ရောင်စုံဆေးရေး ပြတင်းပေါက်တွေရယ်၊ အိမ်နောက်ခြံထဲက တတိုင်းမွှေးပင်ကြီးရယ်၊ တသွင်သွင်စီးကျနေတဲ့ ရေပန်းဝိုင်းလေးရယ်။ သူတို့လည်း Gun Atthaphan ကို တစ်ယောက်တည်း ချန်မထားခဲ့ချင်ကြဘူးထင်ပါရဲ့။
Gun ဟာ သူ့ရဲ့တည်ရှိနေမှုကို ပြသနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူလက်လျော့လိုက်တယ်။ သူဟာ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ကြောက်စရာ ဖြစ်တည်မှုတစ်ခု သာသာပါပဲလေ။ Gun ဟာ တစ်ခါတလေ တကယ်နားမလည်နိုင်တော့ဘူး။ သူဟာ ကောင်းကင်ယံကိုပဲ ပျံသန်းထွက်ခွာသွားချင်ခဲ့တာပါ။ ဘာလို့ သူ့ဝိဥာဉ်ဟာ ဒီမှာ ကျန်နေရစ်ရတာပါလိမ့်။ သူ့ရဲ့ ဝေဝါးနေတဲ့ မှတ်ဉာဏ်တွေနဲ့ အတွေးတွေထဲမှာ သေချာယုံကြည်နေတာကတော့ တစ်နေ့ကျရင် သူ့ချစ်သူက သူ့ဆီပြန်လာမယ် ဆိုတာပါပဲ။ ဒါကြောင့်လည်း ဝိဥာဉ်လေးဟာ ဒီအမှတ်တရတွေပြည့်နေတဲ့ အိမ်ကြီးထဲမှာ နေရင်း စောင့်ဆိုင်းနေမိတယ် ထင်ပါရဲ့။ ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀။ နှစ်ရာချီကြာပါစေ။ သူ မမောမပန်းစောင့်နေပါ့မယ်။
YOU ARE READING
[Completed] သန်းခေါင်ယံကကြိုး (ဘာသာပြန်)
Romance[Completed] တမြေ့မြေ့ခံစားရမယ့် ဘာသာပြန် OffGun fic ပါ။ မူရင်းဇာတ်လမ်း Wawaowai ၏ A Late Night Waltz အား Again ၏ English ဘာသာပြန်မှ တဆင့် ဘာသာပြန်ဆိုထားပါတယ်။