ကျွန်တော့်ရဲ့ အလယ်တန်းကျောင်းသား ဘဝအထိ အရာရာဟာ အရင်လိုပဲ ဘာမှ မပြောင်းလဲခဲ့ပေမဲ့....အထက်တန်းက စလို့ တမျိုးပြောင်းလဲသွားခဲ့သည်။
မဖြစ်သင့်မှန်း သိပါရဲ့နဲ့လေ...ကျွန်တော်ဟာ ရူးမိုက်ချင်မိခဲ့သည်။
၁၈ နှစ်အရွယ် Kim Jungwoo.
အထက်တန်းရောက်တော့ တစ်ယောက်တစ်ခန်း ခွဲအိပ်ကြသည်။ စစချင်းခွဲ အိပ်တုန်းက မနေတတ်တာမလို့ ကိုကို့ အခန်းထဲကို သွားသွားအိပ်သည်။
နောက်တော့ ကိုကိုက ရအောင်အိပ်ခိုင်းတာမလို့ ကိုယ့်အခန်းမှာပဲ ရအောင် အိပ်ရတော့သည်။
ကျွန်တော်တို့ အထက်တန်းရောက်တော့ ကိုကို နဲ့ နည်းနည်းတော့ စိမ်းသွားသလို ခံစားရသည်။ ကျွန်တော်က စိမ်းတာ မဟုတ်ပါပဲ ကိုကိုက စိမ်းလာတာ ဖြစ်သည်။
နှစ်တွေအကြာကြီး တူတူရှိလာခဲ့ပြီး အခုမှ စိမ်းသွားတာကို အဖြေထုတ်မရခဲ့ပါ။
အထက်တန်းစတက်ပြီ ဆိုကတည်းက နေ့လည်ချိန်တွေဆို တခါတလေမှ တူတူလာစားသည်။ များသောအားဖြင့် သူ့သူငယ်ချင်းတွေနဲ့ စားတတ်သည်။
တနေ့မှာတော့ ကျွန်တော့်ဘက်ကပဲ မေးခွန်းထုတ်ရတော့သည်။
"ကိုကို...ဘာလို့ ထမင်းအတူမစားတော့တာလဲ"
"ဟင်...သူငယ်ချင်းတွေနဲ့ စားချင်လို့လေ"
"အဲ့တာဆို အရင်က ဘာလို့အတူစားလဲ"
"အဲ့တုန်းက ငယ်သေးတယ်လေ အခုက မင်းလဲ ကြီးလာပြီလေ ကိုယ့်အပေါင်းအသင်းနဲ့ ကိုယ် ရှိချင်မှာပဲ မဟုတ်ဘူးလား"
"မဟုတ်ဘူး ကိုကိုနဲ့ပဲ ရှိချင်တာလေ...အခုဆို မနက်စာ နဲ့ ညနေစာ စားတဲ့ အချိန်ပဲ တွေ့ရတယ် ကျန်တဲ့ ချိန်တွေဆို ပျောက်နေရော"
"အမြဲတမ်း တွေ့နေတော့ရော ဘာတွေထူးဆန်းလို့လဲ...Jungwoo ရဲ့ မရစ်စမ်းပါနဲ့"
"ကောင်းပြီလေ ဒါဆိုလဲ သွားပြီ"
ဒါပထမဆုံး စိမ်းသက်မှုကို ခံစားရခြင်းဖြစ်သည်။ စိတ်ထဲမှာ ကြီးစိုးလာတဲ့ ဝမ်းနည်းမှု။
အတန်းထဲမှာ စာသင်နေရပေမဲ့ စိတ်မပါပါ။ နေ့လည်ထမင်းစားချိန်ရောက်တော့လဲ ကန်တင်းကို မသွားပဲ အတန်းထဲမှာသာ မှောက်အိပ်နေခဲ့သည်။

YOU ARE READING
Once Upon an Us
Fanfictionမတူညီတဲ့ လူ ၂ယောက်ရဲ့ ကွဲပြားတဲ့ အချစ် ၂ခု ပေါင်းစည်း နိုင်ဖို့ ကြိုးစားကြတဲ့အခါ....။