မနက်ပိုင်း ဟိုတယ်က မနက်စာ စားပြီးတော့ Check out လုပ်လိုက်ပေမဲ့ အထုတ်တွေကို ဟိုတယ်မှာ ခဏအပ်ပြီးတော့ ကမ်းခြေမှာ နောက်ဆုံးအကြိမ် လမ်းသွားလျှောက်သည်။ ကျွန်တော်က ကမ်းခြေကို သိပ်ကြိုက်တာမလို့ မခွဲချင်သေးပါ။
ရောက်ကတည်းကဝင်ချင်ခဲ့တဲ့ အမှတ်တရပစ္စည်းဆိုင်လေးကို အခုမှပဲ ဝင်ဖြစ်တော့သည်။
"ကြိုဆိုပါတယ်..."
ဆိုင်လေးက အမှတ်တရအကျီတွေနဲ့ အခြားပစ္စည်းတွေနဲ့ အတော်စုံလှသည်။
ဒေသထွက်ပစ္စည်းတွေလဲရသေးသည်။ တဆိုင်လုံးကို အပြာရောင်သုံးထားတာမလို့ မျက်လုံးအေးလှသည်။စိတ်ကြိုက်လှည့်ကြည့်နေရင်းနဲ့ မေမေတို့အတွက် ဒေသထွက်ပစ္စည်းတွေပဲဝယ်ပြီး ပြန်ဖို့လုပ်လိုက်သည်။
ငွေရှင်းကောင်တာဘေးက သော့ချိတ်လေးတွေက ကျွန်တော့်ကို ဆွဲဆောင်နေသည်။
"ဒါလေးတွေက ဘယ်လိုရောင်းလဲ"
"၁၅၀၀၀ပါ"
"ဒါလေး တခုယူမယ်"
"အဲ့ဒါလေးဆိုရင် ၂ခုယူရပါလိမ့်မယ်..."
"ဘာလို့လဲ"
"အဲ့တာက စုံတွဲသော့ချိတ်ပါ အကယ်လို့ ပေးစရာမရှိရင် မကြာခင်ပေးရမဲ့သူ ရှိလာတတ်တယ်..."
"တကယ်လား...ဆန်းကြယ်တယ်ရော တကယ်ရော အဲ့လိုရှိတာလား"
"ဟိုဘက်မှာ သွားကြည့်လိုက်ရင် တွေ့ရလိမ့်မယ် စုံတွဲတွေနဲ့ ဆင်တူသော့ချိတ်လေးတွေကို..."
သွားကြည့်တော့ တကယ်ကိုပင်။ သူတို့ကြုံတွေ့ရတဲ့ storyလေးတွေပါ ပါသေးသည်။
"၂ခုဆိုတော့ ၃၀၀၀၀ပေါ့နော်"
"၁၅၀၀၀ပါပဲ "
"အော် ဟုတ် ကျေးဇူးပါ"
"ကျေးဇူးတင်ပါတယ် အကယ်လို့ သော့ချိတ်ပိုင်ရှင်လေးတွေ့ရင် ဆက်သွယ်ဖို့မမေ့ပါနဲ့နော်..."
"ဟုတ်ကဲ့ပါ"
ဆိုင်ကထွက်လာပြီးတော့ ဟိုတယ်က အထုတ်တွေယူဖို့ ဦးတည်လိုက်သည်။
လမ်းလျှောက်နေတုန်းမှာပဲ ကျွန်တော့်နောက်ကနေ ခေါ်သံကြားလိုက်သည်။ ကျွန်တော့်နာမည်မဟုတ်တဲ့ နာမ်စားတခုပေါ့။

YOU ARE READING
Once Upon an Us
Fanfictionမတူညီတဲ့ လူ ၂ယောက်ရဲ့ ကွဲပြားတဲ့ အချစ် ၂ခု ပေါင်းစည်း နိုင်ဖို့ ကြိုးစားကြတဲ့အခါ....။