ကျောင်းပိတ်တဲ့ အတော်အတွင်း ကိုကိုက အိမ်လာလိုက် ကျွန်တော်က အိမ်သွားလိုက်နဲ့ ခိုးခိုး ဒိတ်ကြသည်။ အခုဆို တွဲလာတာ ၂လလောက်ရှိပြီဖြစ်သည်။
ကိုကို့မေမေကလဲ ဘယ်တော့အိမ်ခေါ်လာမလဲ ဆိုပြီး နားပူနားဆာ ၂ယောက်လုံးကို လုပ်သည်။
တကယ်က အိမ်ခေါ်စရာမလိုအောင်ပင် အိမ်ထဲရောက်နေတဲ့ အတွဲမှန်း မေမေမသိပါ။ကျောင်းက နောက်အပတ်ပြန်ဖွင့်တော့မှာမလို့ ကျောင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်တော်က ကိုယ့်ကိုကိုယ် ဂရုစိုက်မအားပါ။
ဒီနေ့က ကိုကိုပြောမှ ကိုယ့်ကိုကိုယ် နည်းနည်း ပိန်လာမှန်းသတိထားမိသည်။
"ကလေး.."
"ဟင်.."
"နည်းနည်း ပိန်သွားသလိုပဲ မျက်နှာလေးတွေတောင် ချကျနေတာ"
"ဟုတ်လို့လား...ကျွန်တော်ဖြင့်စိတ်ချမ်းသာနေတာကို "
"ကိုကို့စိတ်ထဲတော့ နည်းနည်း ချောင်ကျသွားတယ် ညတွေစောစောအိပ်ရဲ့လား"
"အိပ်တာပေါ့ စောဆိုမှ အစောကြီးကိုအိပ်တာ"
"ကိုကို စိတ်ထင်နေတာများလား ၂ရက်လေး မတွေ့လိုက်ရလို့"
"အဲ့လိုနေပါလိမ့်မယ်..."
"အင်းပါ အခု ကျောင်းလိုက်ပို့ပေးမယ် ညနေလာကြိုမယ်"
"ဟုတ်ပါပြီ"
ကျောင်းက အိမ်သာမှာ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိမှ ကျွန်တော် နည်းနည်းပိန်သွားသလိုခံစားရသည်။
"ဟူး...များများပြန်စားရမယ်"
လို့ အားပေးရင်း အတန်းဘက်ထွက်လာခဲ့သည်။
အတန်းပြီးတော့ ကန်တင်းထိုင်တော့လဲ စားချင်စိတ်က မရှိ။
"Jungwoo...စားလေ"
"အင်း...စားချိန်စိတ်မရှိဘူးဖြစ်နေတယ်"
တက္ကသိုလ်မှာလဲ Jaehyun ရော Minhyung တို့နဲ့တူတူ တက်ရသည်။မေဂျာတော့မတူပါ။
"နေမကောင်းတာများလား"
"အဲ့လိုလဲ မဟုတ်ဘူး စားချင်စိတ်မရှိဖြစ်နေတာ"

YOU ARE READING
Once Upon an Us
Fanfictionမတူညီတဲ့ လူ ၂ယောက်ရဲ့ ကွဲပြားတဲ့ အချစ် ၂ခု ပေါင်းစည်း နိုင်ဖို့ ကြိုးစားကြတဲ့အခါ....။