"Taeyong....သူ အဆင်ပြေသွားမယ်မလား"
"စိတ်အေးအေး ထားပါ အဆင်ပြေသွားမှာပါ အခုက သွေးလဲရပြီဆိုတော့ "
"အေးပါ...အားကိုးပါတယ်"
Taeyong နဲ့စကားပြောပြီးတော့ အထဲထဲ လူနာအခန်းထဲ ပြန်ဝင်လာခဲ့လိုက်သည်။
"ကိုကို"
"သွေးရပြီတဲ့ ခဏနေ သွင်းရတော့မှာ ကလေး အဆင်ပြေသွားမှာပါ"
"အင်း"
စိတ်ချမ်းသာအောင်ထားတဲ့ကြားထဲကနေ ကလေးက တနေ့တခြားပိန်လာသည်။ အပြင်ပန်းက ပျော်တဲ့ပုံပြနေပေမဲ့ တကယ်တမ်းဘယ်ပျော်နိုင်ပါ့မလဲ။ သူ့အတွေးတွေနဲ့တင် ပူလောင်နေမှာ သေချာပါသည်။
"ဒီတခါသွေးသွင်းပြီးရင် နောက် ၂လနေမှ တခါသွင်းရမှာတဲ့"
"အင်း"
"လူနာ Kim Jungwoo သွေးသွင်းရပါတော့မယ်"
သူနာပြုက လာခေါ်နေပြီမလို့ ကျွန်တော်လဲ သူ့ကိုထခိုင်းလိုက်ပြီးတော့ တူတူတွဲပြီးတော့ သွားလိုက်သည်။
သွေးတွေဘာတွေ သွင်းပြီးပေမဲ့ ကျွန်တော်က ဆေးရုံမှာပဲ ညအိပ်စေချင်တာမလို့ မနည်းချော့ပြီးနေခိုင်းရသည်။
"ဒီတညပါပဲကွာ...မနက်ဖြန်စောစောဆင်းရမယ်ဟုတ်ပြီလား"
"ကျွန်တော် လူနာလိုကြီးမနေချင်ဘူး ကိုကိုရာ...ပြန်ရအောင်"
"လိမ္မာပါတယ်...တခုခုဆိုရင် ဆေးရုံပြန်လာနေရလိမ့်မယ် ဒီညပဲ အခြေအနေကြည့်မယ်နော်...."
"...."
"ဟူး...."
ကျွန်တော့်ရဲ့ စိုးရိမ်စိတ်နဲ့ သူ့ကို အလိုလိုက်ချင်စိတ်က အမြဲဒွန်တွဲနေသည်။ အခုလဲ သူက နည်းနည်းမှ မလျော့ပါ။
"ကဲ...လာ ပြန်ကြမယ်"
ပြန်မယ်ပြောလိုက်တော့ ပြုံးရွှင်သွားတဲ့ မျက်နှာလေးနဲ့ အတူ ကျွန်တော့်ကို လာဖက်သည်။
အဓိကက သူပျော်နေဖို့ပဲမလို့ ဘာပဲလုပ်ရလုပ်ရပါလေ...။
"ဒါမှ ကိုကိုကွ"
အခုဆို ကျွန်တော့်အိမ်မှာ မနေတော့ပဲ သူ့အိမ်မှာသာ အတူနေကြသည်။

YOU ARE READING
Once Upon an Us
Fanfictionမတူညီတဲ့ လူ ၂ယောက်ရဲ့ ကွဲပြားတဲ့ အချစ် ၂ခု ပေါင်းစည်း နိုင်ဖို့ ကြိုးစားကြတဲ့အခါ....။