ဒီလပိုင်းထဲမှာ Jungwoo ရောဂါက ကောင်းတဲ့ အခြေအနေမှာ ရှိနေခဲ့သည်။
လူနာတစ်ယောက်လို မခံစားစေချင်တာမလို့ သူလုပ်ချင်တာကို လုပ်ခွင့်ပေးထားသည်။ ကား တစ်စီးလဲ ဝယ်ပေးထားသည်။ ကားမှာ၊ဖုန်းမှာ သူကိုင်နေကျ အိတ်တချို့မှာ ခြေရာခံစနစ်ကို မသိအောင် တပ်ထားပေးသည်။ အိမ်ထဲမှာလဲ မသိအောင် CCTV တပ်ထားသည်။သူသိသွားရင် သူ့ကိုပိတ်လှောင်ထားတယ်ထင်မှာစိုးတာကြောင့် သတိထားရသည်။ ကျွန်တော့်နားကနေ သူထွက်သွားမှာစိုးတဲ့ စိုးရိမ်စိတ်က အမြဲလွှမ်းမိုးနေသည်။
အလုပ်လုပ်နေရင်းနဲ့ location check ကြည့်တော့ သေဆုံးသူတွေရဲ့ အထိမ်းအမှတ်နေရာကို ရောက်နေတာမလို့ ဒါက သူ့မေမေဆီကို သွားမှန်းသိလိုက်သည်။
သူ့မှာ အိမ်ကလွဲလို့ သွားစရာနေရာက မေမေတို့အိမ်နဲ့ သူ့မေမေဆီသာ ရှိသည်။
ကျွန်တော့်မျက်နှာ တစ်ကမ္ဘာထင်ပြီးနေတဲ့ ကောင်လေးမလို့ အချစ်ပိုရသည်။
ဖုန်းဆက်လိုက်တော့ တန်းကိုင်သည်။
"ဟဲလို ကိုကို"
"ဟဲလို ကလေး ဘယ်တွေရောက်နေလဲ"
"မေမေ့ဆီကို လာနေတာလေ ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး အဆင်မှပြေရဲ့လားလို့ပါ ကိုကိုက"
"ပြေတယ် စိတ်ချနော်"
"အင်းအင်း ဒါပဲနော် ဒါဆို မေမေနဲ့ စကားတွေအများကြီးပြောပြီး ပြန်လာခဲ့"
"ဟုတ်ပါပြီဗျာ...ဒါပဲနော်"
ဖုန်းချသွားနောက်မှာတော့ စိတ်ချသွားတာမလို့ အလုပ်သာ ပြန်လုပ်နေလိုက်သည်။ ညနေ အလုပ်ဆင်းတော့ သူကြိုက်တဲ့ ကြက်ကြော်လေး ဝယ်ပြီး အိမ်ပြန်လာခဲ့လိုက်သည်။
အိမ်ထဲဝင်တော့ ဘယ်သူမှရှိမနေပါ။ပြန်ခါနီးကို location မစစ်ခဲ့ရတာမလို့ အခုမှပြန်ကြည့်ရသည်။
နေရာက မေမေတို့ အိမ်မှာပြနေမှပဲ စိတ်ပူရသက်သာတော့သည်။ သူပြန်မလာသေးတာနဲ့ ကျွန်တော်လဲ ရေချိုးလိုက်တော့သည်။
ရေချိုးပြီးတဲ့အထိ သူ ပြန်မလာသေးတာနဲ့ ဖုန်းဆက်ရတော့သည်။

YOU ARE READING
Once Upon an Us
Fiksi Penggemarမတူညီတဲ့ လူ ၂ယောက်ရဲ့ ကွဲပြားတဲ့ အချစ် ၂ခု ပေါင်းစည်း နိုင်ဖို့ ကြိုးစားကြတဲ့အခါ....။