OUaU ~ 6

154 25 0
                                    

တက္ကသိုလ်စတက်တာနဲ့ ကျွန်တော့်ကိ​ု ကျွန်တော် ထိန်းကျောင်းရသည်။ အနားမှာ အရင်လို ထိန်းပေးမဲ့သူမရှိတော့တာမလို့ အရာရာဟာ ကိုယ့်ခြေကိုယ့်လက်။

ကျွန်တော့်ဘဝမှာ ကျွန်တော်ပဲ ရှိတော့တာမလို့ တခါတလေလဲ ကိုယ်ဖြစ်ချင်တာကိုပဲ လုပ်မိတဲ့ အခါတွေလဲ ရှိသည်။

ပိတ်ရက်တွေဆို ကိုကို့ မေမေ ဆီကို သွားလည်ဖြစ်သည်။ မေမေကိုတော့ ကိုကိုက ကျွန်တော်နဲ့ အဆက်အသွယ်မရကြောင်းပြောထားပုံမပေါ်ပါ။

"မနေ့က ကိုကို သားဆီ ဖုန်းဆက်တယ်ဆို..."

"ဗျာ...ဟုတ်တယ်"

တကယ်တော့ ကျွန်တော်ကပဲ အကုန်ဖြတ်တောက်ထားတာဖြစ်သည်။

"သား ကိုမပြောပဲ သွားတာကို စိတ်မဆိုးနေပါနဲ့တော့ကွယ်...နော်"

"ဟုတ် မဆိုးတော့ပါဘူး"

"ဟိုက နောက်၂လဆို ကျောင်းပိတ်တော့မယ်လေ...အဲ့တာ ပြန်လာမလို့တဲ့ "

"အော် ဟုတ်"

"အဲ့ကျရင် သေချာပေါက် လူဆုံရမယ်နော်..."

"ဟုတ်...လာခဲ့ပါ့မယ်"

တကယ်တန်း ပြန်လာတော့ ကျွန်တော် အကြောင်းပြချက် ပေးပြီးတော့ မသွားခဲ့ပါ။

Ignore ထဲရောက်နေတဲ့ conversation လေးရဲ့ နောက်ဆုံးစာလေးကို မြင်နေရသည်။

"Jungwoo...ကိုယ့်ကို စိတ်ဆိုးနေတာလား"

ကိုကို့ကို စိတ်မဆိုးပါဘူး။ ကိုကို အမြဲတမ်း ခံယူချင်တဲ့ ပြစ်ဒဏ်ကို ကျွန်တော် ကိုယ်တိုင်ပေးနေတာ...။ ကျွန်တော်ကိုယ်တိုင်မှာ ရင်ကွဲခံပြီးတော့ ပေးနေတာမလို့ သေချာပေါက် ခံယူပါ။

"တီး တောင်"

"ဒီအချိန်ကြီး ဘယ်သူပါလိမ့်"

ဝင်လာခိုင်းဖို့ သွားကြည့်လိုက်တော့ screen တဖက်ခြားက ကိုကိုပါ။

"Jungwoo...ကိုကိုပါ"

"..."

"အထဲမှာ ရှိမှန်းသိတယ်...ခဏလေး ဖွင့်ပေးပါ..."

"..."

"Jungwoo..."

ပြန်သွားလိုက်ပါ။ ဒီထပ်ပိုပြီး မတွေ့ချင်တော့ဘူး။ ကိုကို့ရှေ့ကို ရောက်တာနဲ့ ပြိုလဲသွားမဲ့ တင်းထားတဲ့ စိတ်တွေပါ ကိုကိုရယ်...ထပ်ပြီးတော့ မရက်စက်ပါနဲ့တော့။

Once Upon an Us Where stories live. Discover now