"ကိုကို"
"..."
"ကိုကို ကျွန်တော့်ကို ချစ်လား"
"ချစ်တယ်လေ..."
"ဘယ်လို ချစ်တာလဲ"
"..."
ကျွန်တော် သူ့ကို ဘယ်လို ချစ်လဲဆိုတာ ကျွန်တော် အသိဆုံးဖြစ်သည်။ ဒါပေမဲ့ အဲ့တာကို ထုတ်ပြောလိုက်ဖို့ ကျွန်တော့်မှာ သတ္တိရှိမနေခဲ့ပါ။
မေးခွန်းမှားမေးတာပါလို့ သူက ရပ်တန့်လိုက်ပေမဲ့ ကျွန်တော်ကတော့ အတွေးတွေ ရပ်မနေခဲ့ပါ။
အရိပ်တကြည့်ကြည့် ချစ်ခဲ့ရတဲ့ သူ့ကို ဒဏ်ရာတွေပေးမိမှာ ကျွန်တော်ကြောက်သည်။
ဒါပေမဲ့ ဒဏ်ရာတွေလဲ ပေးမိနေခဲ့ပါပြီ။
"ကလေးလေးမို့ ဒဏ်ရာတွေမပေးချင်ဘူး အမြန်ဆုံး ရပ်တန့်ပစ်လိုက်ပြီး ပျော်ရွှင်နေပါ ကလေး"
ဒါက ပိတ်သွားပြီဖြစ်တဲ့ သူ့အခန်းတံခါးလေးကို ကြည့်ပြီး ပြောဖြစ်တဲ့ စကားလေး ဖြစ်သည်။
ဒီနေ့ ရန်ဖြစ်ထားကြပေမဲ့ ဖြည့်ဆည်းပေးရမဲ့ အရာတွေကိုတော့ ကျွန်တော် မမေ့ခဲ့ပါ။
လိမ္မာတဲ့ကလေးလေးက ကျွန်တော့်အပေါ်ကို အရွဲ့တိုက်ချင်လာသည်။ ဒါတွေကလဲ ကျွန်တော့်ကြောင့်သာ ဖြစ်ပါလိမ့်မည်။
"မချစ်တာ မဟုတ်ပါဘူး ချစ်လွန်းလို့ သိမ်းထားလိုက်တာပါ ကလေးရယ်"
စားပွဲပေါ်က သူ့ပုံလေးကို ကြည့်ပြီးတော့
ပြောမိတဲ့ စကားလေးပေါ့။ဘယ်အချိန်က ချစ်မိနေခဲ့မှန်းမသိပေမဲ့ သတိထားမိတဲ့အချိန်မှာ နောက်ဆုတ်လိုက်ဖို့ နောက်ကျသွားခဲ့ပြီ။
တစ်ယောက်တည်းချစ်နေရတာတောင် နာကျင်နေရတာ နှစ်ယောက်လုံး ချစ်မိနေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ ဒဏ်ရာဟာ ၂ဆဖြစ်သည်။
ရှေ့ဆက်တိုးလိုက်ဖို့လဲ မဖြစ်နိုင် နောက်လဲမဆုတ်ချင်တာမလို့ တစ်ယောက်တည်း နာကျင်ရမဲ့ လမ်းကိုသာရွေးလိုက်ရသည်။
သူကတော့ ပျော်ရွှင်မှုနဲ့ ထိုက်တန်တာမလို့ ကျွန်တော် ရင်ကွဲရလဲ ဖြစ်ပါတယ်။
YOU ARE READING
Once Upon an Us
Fanfictionမတူညီတဲ့ လူ ၂ယောက်ရဲ့ ကွဲပြားတဲ့ အချစ် ၂ခု ပေါင်းစည်း နိုင်ဖို့ ကြိုးစားကြတဲ့အခါ....။