အဲ့နေ့ နောက်ပိုင်းကစလို့ ကျွန်တော်တို့ အနေဝေးသွားသည်။ အခေါ်အပြော ရှိနေပေမဲ့ အရင်လို နွေးထွေးမှုတွေမရှိတော့ပါ။
ဒီလိုနဲ့ ကျွန်တော်ရော သူရောရဲ့ စာမေးပွဲချိန်ရောက်လာသည်။ ကျွန်တော်က နောက်ဆုံးနှစ် မလို့ စာပိုလုပ်နေရတာနဲ့ စကားလဲသေချာမပြောဖြစ်ကြပါ။ ကျွန်တော် သွားချင်တဲ့ တက္ကသိုလ်သွားဖို့ ပိုကြိုးစားရသည်။
အိမ်ကိုလဲ Rina ကဝင်ထွက်လာသည်။ Rina အိမ်မှာ ရှိတဲ့ ရက်တွေဆိုရင် Jungwoo အိမ်မှာ ရှိမနေခဲ့ပါ။ အကြောင်းပြချက်တွေပေးပြီး ထွက်သွားတတ်သည်။
ဒါတွေကို ကျွန်တော် သိနေပါရက်နဲ့ ကျွန်တော် ဘာမှလုပ်မပေးနိုင်ခဲ့ပါ။
တခါတလေ ကျွန်တော့်ရဲ့ အချစ်က နာကျင်စေတဲ့ အချစ်လားလို့ တွေးမိသည်။
ညနေ ၆နာရီထိုးနေပေမဲ့ သူပြန်မလာသေးပါ။ သူပြန်လာတဲ့ အထိ အပေါ်ထပ်က ဧည့်ခန်းမှာ ထိုင်စောင့်နေလိုက်သည်။
တအိမ်ထဲနေပြီး စိမ်းကားနေတာမျိုး ဘယ်ချိန်ထိရှိနေဦးမှာလဲ...။စကားအနည်းငယ် ပြောဖို့ လိုလာခဲ့ပြီ ဖြစ်သည်။
"သားငယ်...မျက်နှာက ဘာဖြစ်လာတာလဲ"
အောက်ထပ်က မေမေရဲ့ အသံကြောင့် အောက်ထပ်ကို ဆင်းလာတော့ မျက်နှာ အနှံ ဒဏ်ရာတွေနဲ့ ကျွန်တော့်ရဲ့ ကလေးပေါ့။
ရန်ထပ်ဖြစ်လာပြန်ပြီပဲ...။
"သားရယ်...ရန်ဖြစ်တာဆိုလဲ ဘာလို့ ဒီလောက်ခံလာရတာလဲ...လာ မေမေ ဆေးထည့်ပေးမယ်"
"ရပါတယ် မေမေ ကျွန်တော်ပဲ ထည့်ပေးလိုက်မယ်..."
"ရပါတယ် ကိုယ့်ဟာကိုယ်ပဲ ထည့်လိုက်မယ်"
ကျွန်တော် အသံကြောင့် သူက ကျွန်တော့်ကို ကြည့်လာပြီးတော့ ကျွန်တော်ဆေးထည့်ပေးမယ်ပြောတာကို ငြင်းပြီးတော့ ကျွန်တော့်ဘေးကနေ ကျော်ပြီးတော့ အပေါ်ထပ်တက်သွားသည်။
ကျွန်တော်လဲ အပြေးလိုက်သွားပြီးတော့ သူ အခန်းတံခါးမပိတ်ခင် ဆွဲလိုက်ပြီးတော့ ကျွန်တော်ပါ လိုက်ဝင်လာခဲ့သည်။
"ရတယ် ကိုယ့်ဟာကိုယ် လုပ်လိုက်မှာမလို့ ထွက်သွားပေးပါ"
"Jungwoo...ဆေးဘူး ဘယ်နားမှာလဲ"

YOU ARE READING
Once Upon an Us
Fanfictionမတူညီတဲ့ လူ ၂ယောက်ရဲ့ ကွဲပြားတဲ့ အချစ် ၂ခု ပေါင်းစည်း နိုင်ဖို့ ကြိုးစားကြတဲ့အခါ....။