OUaU ~ 11

108 19 2
                                    

အိမ်ပြန်ရောက်တာနဲ့ တနေကုန်တင်းထားသမျှ စိတ်တွေလျော့ချပစ်လိုက်တော့ လူက နဲ့တဲ့တဲ့သာ ကျန်သည်။

မနက်က သွားယူလာခဲ့တဲ့ အဖြေစာရွက် ကို ဘေးမှာချထားပြီးတော့ ဘာလုပ်ရမှန်းမသိ လမ်းစပျောက်နေသည်။

ဒီလို စိတ်ရှုပ်တဲ့အချိန်ဆို အကောင်းဆုံးက စိတ်ဖြေဖျောက်ရာက ဆေးလိပ်သောက်ခြင်းပင်။

မဖွင့်တာ ကြာပြီဖြစ်တဲ့ ဆေးလိပ်ဘူးကို ဖွင့်လိုက်ပြီး စာကြည့်စားပွဲမှာပဲ တလိပ်ကို ထုတ်သောက်လောက်သည်။

တလိပ်နဲ့လဲ စိတ်ကမပြေသွားပါ။ ဒီလိုနဲ့ နောက်တလိပ် နောက်ထပ်တလိပ် နောက်ထပ်နောက်ထပ် တလိပ် နဲ့ ဘူးထဲမှာ ၄လိပ်သာကျန်သည်။

"ဘာလို့လဲ...အကုန်နေသားကျနေမှ ဘာလို့များ အခုမှလဲ"

"သွေးကင်ဆာ ဒုတိယအဆင့် ကိုရောက်နေပြီ"

"မျိုးရိုးဗီဇကြောင့် ဖြစ်လာခဲ့တာ"

"တစ်ယောက်ယောက်များ ဖြစ်ခဲ့ဖူးသလား"

"ဟုတ် မေမေက အဲ့ဒီကင်ဆာ နဲ့ ဆုံးသွားခဲ့တာ"

"ဒုတိယမှာ သိလိုက်ရလို့ ကံကောင်းတယ်ပြောရမလားပဲ"

"ကျွန်တော် ဘာလုပ်လို့ရမလဲ"

"လိုအပ်တဲ့ဆေးတွေပေးလိုက်ပါ့မယ် အပျောက်ကြီးတော့ ကုမရတော့တာတော့ သိထားမှာပါ...ဒါပေမဲ့ အားမလျော့ပါနဲ့ တချို့ ကင်ဆာသည်တွေလဲ ခန့်မှန်းတဲ့ နှစ်ထက် ပိုနေသွားရပါတယ် အားတင်းထားပါ...ရက်ချိန်းတိုင်း လာခဲ့ပါ"

"ဟုတ် ကျေးဇူးတင်ပါတယ်"

မနက်တုန်းက ဆရာဝန်ပြောခဲ့တဲ့ စကားတွေက အခုထိနားထဲဆွဲနေသည်။

ကင်ဆာသည်တွေဆိုတာ အများဆုံး ၅နှစ်ပါပဲ။ ကျွန်တော်ဖြစ်နေခဲ့တာ လွန်ခဲ့တဲ့ ၁နှစ်ကတည်းက ဖြစ်သည်။ အခုဆို ၄နှစ်လောက်သာ ကျန်တော့သည်။

ကိုကို့နားမှ အကြာကြီးနေသွားချင်တဲ့ စိတ်ကူးတွေ အိပ်မက်တွေက အခုတော့ အလှမ်းအရမ်းဝေးသွားခဲ့ပြီ။

နီးစပ်ရာ စာအုပ်တအုပ်ကို ဆွဲလိုက်ပြီးတော့...စာတွေကောက်ရေးလိုက်သည်။

Once Upon an Us Where stories live. Discover now