OUaU ~ 8

158 24 0
                                        

အိမ်ပြန်ရောက်တော့ မေမေတို့က ဧည့်ခန်းထဲရှိနေတာနဲ့ ဝင်ထိုင်လိုက်သည်။

"သား တောင်ပြန်လာပြီပဲ"

"ဟုတ် ဖေဖေ"

"အမလေး ပြန်လာကတည်းက အိမ်မှာမကပ်ပဲ ဘယ်ကိုများ အပြေးအလွှားသွားရတာလဲ သားရဲ့"

"ဒီလိုပါပဲ သွားစရာလေးရှိလို့ပါ"

"ချစ်သူ ရှိနေတာလား သား"

"ဟုတ် ရှိနေပါတယ်"

"ဟယ်...တကယ်လား အိမ်ခေါ်လာခဲ့လေ မေမေ အကဲခတ်ပေးမှာပေါ့"

အဲ့တာကလဲ မေမေ့သားပဲမလို့ စိတ်မချစရာမရှိပါဘူး မေမေရေ...။

"ခေါ်လာပါ့မယ် စိတ်ချပါ"

"ကြည့်ပါဦး ယောကျာ်းရယ် သားတွေတောင် အရွယ်ရောက်လာလို့ ချစ်သူနဲ့တောင် မိတ်ဆက်မဲ့ အရွယ်ရောက်နေပြီ"

"အင်း အချိန်တွေ မြန်လိုက်တာ ဒါနဲ့ Jungwooရော အိမ်မလာဘူးလား "

"သူ ခရီးထွက်နေတယ်တဲ့လေ...ပြန်လာရင် လာခဲ့ပါ့မယ်တဲ့"

"အင်း...ပျော်နေလို့ တော်ပါသေးတယ်"

ဒီနေ့ပဲ သူပြန်ရောက်ပြီး ကျွန်တော် ဝင်ပို့ခဲ့ကြောင်းတော့ မပြောတော့ပါ။

အပေါ်ထပ်တက်လာတော့ ကျွန်တော့် အခန်းထဲကို မဝင်ပဲ Jungwooအခန်းထဲကို ဝင်သွားလိုက်သည်။

ပစ္စည်းတွေ မရှိတော့တာက လွဲရင် အမှတ်တရတွေကတော့ အရင်အတိုင်းပင်။

ဒီအခန်းလေးထဲမှာ ပျော်ခဲ့ဖူးတယ် ငိုခဲ့ဖူးတယ်...ပြန်တွေးလိုက်မိတော့ ကျွန်တော့်ဘဝ အစကတည်းက အခုထိအတူရှိခဲ့ဖူးတဲ့ သူစိမ်းက ကလေး သာ။

"ကိုကို ထတော့"

"ဟင်..."

"အိပ်ပုတ်ကြီးတာက အခုထိပဲနော်"

"Jungwoo လား... အိပ်မက်မက်နေတာလား"

"ဟင်း...Jungwoo အစစ်ပါ ထတော့"

"အား...နာလိုက်တာ ဖြေးဖြေးလုပ်လေ"

"အိပ်မက်မဟုတ်ကြောင်း ပြတာပါ"

"မေမေတို့နဲ့ လာတွေ့တာလား"

"အင်း ဟုတ်တယ် ကိုကို အိပ်နေတယ် ဆိုလို့ လာနှိုးတာ ထတော့ "

Once Upon an Us Where stories live. Discover now