ဒီနေ့တော့ အတန်းချိန် တချိန်ပျက်ပြီးတော့ ဆေးရုံသွားခဲ့သည်။
"No.19 Kim Jungwoo ဝင်လာလို့ရပါပြီ "
သူနာပြုက နာမည် ခေါ်နေပြီမလို့ ဆရာဝန်ရှိတဲ့ အခန်းထဲ ဝင်လာခဲ့လိုက်သည်။
ဆရာဝန်က ရောဂါလက္ခဏာတွေမေးမြန်းပြီးတော့ ဆေးစစ်ဖို့အတွက် လိုအပ်တဲ့ သွေးကို ယူထားလိုက်သည်။
"အဖြေက ဘယ်တော့သိရမလဲ"
"3ပတ်လောက်နေရင် သိရပါမယ်...အဖြေသိရတာနဲ့ ချက်ချင်း အကြောင်းကြားပေးပါ့မယ်"
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်"
ရင်ခုန်စွာနဲ့ ၃ပတ်လောက် အဖြေစောင့်ရမည်။
အပြန်မှာ မိုးရွာလာတာရော ထီးမပါတာရောနဲ့ bus မှတ်တိုင်မှာ ထိုင်စောင့်နေလိုက်သည်။
"အဆင်ပြေသွားမှာမလား မေမေ"
ပိုက်ဆံအိတ်လေးထဲက မေမေ့ရဲ့ ပုံလေး။ တပုံတည်းရှိတဲ့ပုံလေး။
Busရပ်လာတာနဲ့ တက်လိုက်ပြီးတော့ ကျောင်းလဲ မပြန်တော့ပဲ အိမ်ကိုပဲ ပြန်လာခဲ့လိုက်သည်။
ကျွန်တော့်အတွက် ငြိမ်းချမ်းရာနဲ့ နားခိုစရာက ဒီအိမ်လေးသာရှိသည်။ ပိုင်ဆိုင်မှု စစ်စစ်ကလဲ ဒီအိမ်လေးသာ။
အခုလိုနေနိုင်စားနိုင်နေတာကလဲ ကိုကိုတို့ မိသားစုကျေးဇူးကြောင့်သာ။
မှား များမှားသွားပြီလား။ ကျေးဇူးရှင်ကိုများ ပစ်မှားမိသွားလား။ ကျွန်တော်တို့ တွဲနေတာ မေမေ သိရင် စိတ်ဆင်းရဲသွားရမလား အဲ့လိုအတွေးတွေက နေ့တိုင်းဝင်သည်။
အကုန်ပစ်ချပြီးတော့ မွေ့ယာပေါ်ပစ်လှဲပစ်လိုက်ပြီး အိပ်ပစ်လိုက်သည်။
ဖုန်းမြည်သံကြောင့် နိုးလာတော့ အခန်းတခုလုံးက မှောင်မဲနေပြီး ဖုန်းမျက်နှာပြင်တခုတည်းသာ လင်းနေသည်။ ဖုန်းကျသွားတော့ အခန်းတခုလုံး မှောင်သွားပြန်သည်။
"အိပ်ပျော်သွားခဲ့တာပဲ...ဘယ်နှနာရီရှိပြီလဲ မသိဘူး"
နာရီကြည့်လိုက်တော့ ၆နာရီခွဲ။
![](https://img.wattpad.com/cover/286295615-288-k551270.jpg)
YOU ARE READING
Once Upon an Us
Fanfictionမတူညီတဲ့ လူ ၂ယောက်ရဲ့ ကွဲပြားတဲ့ အချစ် ၂ခု ပေါင်းစည်း နိုင်ဖို့ ကြိုးစားကြတဲ့အခါ....။