OUaU ~ 5

170 25 0
                                        

ကိုကို မသိတာက ဒီကြားထဲ ကိုကို စိတ်ချမ်းသာအောင်လို့ ကျွန်တော်ဟာ ဟန်ဆောင်ကောင်းပေးခဲ့တာ။

မချစ်ပဲနေဖို့ ကြိုးစားလေ ပိုချစ်လာမိတဲ့ နေ့တွေမှာ ကျွန်တော်ဟာ ရူးမတက်ပါပဲ။ ပိုဆိုးတာကလဲ...ကိုကို ကလဲ ကျွန်တော့်ကို ချစ်နေတယ် ဆိုတာကို သိလိုက်ရတဲ့အချိန်။

ကိုကိုက မဖြစ်နိုင်ဘူးလို့ နောက်ဆုတ်နေပေမဲ့ ကျွန်တော်က လက်တွဲပြီးတော့ ရင်ဆိုင်ပစ်လိုက်ချင်သည်။ ဒါပေမဲ့ ကိုကို သဘောအတိုင်း ဖြစ်စေရပါ့မယ်...။

လက်လျော့လိုက်တာ မဟုတ်ပါဘူး။ ရှေ့ကို တိုးနိုင်ဖို့ အားယူလိုက်တာဖြစ်သည်။

နောက်ဆုံးနှစ်ရောက်တော့ ကျွန်တော်ဟာ ကိုကို ရှိတဲ့ တက္ကသိုလ်ကို လိုက်တက်ဖို့ ကြိုးစားရသည်။

ကိုကိုကတော့ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်လို့ တခါတလေ အိမ်ပြန်လာသည်။ အနေဝေးတော့ ပိုတိုးပြီး လွမ်းရသည်။ ပြန်လာတိုင်း ကျွန်တော့် အတွက် မုန့်တွေဝယ်လာတတ်သည်။

ကိုကို က ကျွန်တော့်ရဲ့ ဟန်ဆောင်မှုအောက်မှာ တကယ်မျော်နေခဲ့တာ ဖြစ်သည်။

ကိုကို့ ကို မချစ်တော့ဘူးလို့ ဟန်ဆောင်တာကို ဘယ်လိုတောင် ယုံရက်သလဲ...ကိုကိုရယ်။

"Jungwoo က ဘယ် တက္ကသိုလ်သွားမှာလဲ" လို့မေးတိုင်း ကိုကို ရှိတဲ့ တက္ကသိုလ်ကို လာမယ်ဆိုတာ မသိအောင်လို့ ကျန်တာတွေလွဲပြောတတ်သည်။

ဒီနေ့က စာမေးပွဲနေ့။ အကောင်းဆုံး ကြိုးစားပြီးတော့ သူရှိတဲ့ နေရာကို ရောက်အောင် သွားမှာ...။

"သားငယ်လေး...ကောင်း"ဖြေခဲ့နော်"

"ဟုတ် မေမေ"

တခါတလေ ကျွန်တော့်အပေါ်ကို အရမ်းနားလည် ဂရုစိုက်ပေးတဲ့ မေမေ့ကြောင့် နောက်ဆုတ်ပစ်လိုက်ချင်သည်။

မေမေလဲ သူ့သားကို မှန်းထားတဲ့အနာဂတ်ရှိမှာပဲလေ...။ ကျွန်တော်က ကိုကို နဲ့ ချစ်နေတယ်ဆိုတာကို သိရင်မေမေကရော အခုလိုမျိုး ကြည်ဖြူနိုင်ပါဦးမလား...။

စာမေးပွဲ နောက်ဆုံးနေ့က ကျောင်းရှေ့ကို ကိုကို လာကြိုသည်။

Once Upon an Us Where stories live. Discover now