1: မင်းဂိမ်းတခုကစားချင်လား?/မင္းဂိမ္းတခုကစားခ်င္လား?

1.4K 96 1
                                    

Unicode

"မင်းပြောတော့ မင်းက ဟာသသရုပ်ဆောင်ဆို။ ဒါဆို ဘာလို့ ဝမ်းနည်းတဲ့မျက်နှာဖြစ်နေရတာလဲ? အပြုံးက ဘယ်လိုလဲ?!"
ရှင်းလူမြို့၌ 'နောက်ဘဝ'လို့ခေါ်တဲ့ စတိုးဆိုင်ဟောင်းအတွင်းမှာ အဘိုးအိုတယောက်ဟာ ဆိုင်ရဲ့တယောက်တည်းသောဖောက်သည်ကို နှစ်သိမ့်ပေးနေတယ်။
"ငါတို့တမိသားစုလုံး မင်းရဲ့ရှိုးပွဲကို ကြည့်ရတာကြိုက်တယ်။ ငါတို့အားလုံးက မင်းရဲ့ပရိတ်သတ်တွေပဲကွ။ မင်းရဲ့ရှိုးပွဲက ညစာစားချိန်တိုင်း ငါတို့နဲ့အတူ အမြဲရှိနေတယ်။ အဲ့ဒါသာမဖွင့်ဖြစ်ဘူးဆိုရင် အဲ့ဒီညမှာ တခုခုမှားနေလို့ပဲ"
အဘိုးအိုဟာ အတော်ကြာအောင် စကားတွေအများကြီးပြောပြီးတဲ့နောက် ထောင့်မှာရပ်နေတဲ့လူငယ်လေးဟာ ဖြည်းဖြည်းချင်းလှည့်လာတယ်။ သူက အသက် ၂၀ ဝန်းကျင်လောက်ပဲ ရှိဦးမယ်။ သူက ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး သူ့ဆံပင်တွေက ဖိုသီဖက်သီနဲ့ဖုတ်သိုက်ကြီး ဖြစ်နေတယ်။ သူက အထူးတလည်ချောမောနေတာတော့ မဟုတ်ပေမယ့် ဖော်ပြလို့မရနိုင်တဲ့ လွမ်းဆွေးဖွယ်ရာအငွေ့အသက်ရှိနေတယ်။
"ကျွန်တော်ပါဝင်ခဲ့တဲ့ရှိုးက ထုတ်လွှင့်ပြသမှုရပ်သွားပြီ။ ကျွန်တော့အေဂျင်စီကနေ လွန်ခဲ့တဲ့သုံးရက်ကတည်းက ကျွန်တော် အလုပ်ပြုတ်လာတာ"

"အဆင်ပြေပါတယ်။ မင်းက သရုပ်ဆောင်ကောင်းတယောက်ပဲဟာ။ မကြာခင် အလုပ်သစ်တခုရလာမှာ သေချာပေါက်ပဲ!"
လူကြီးလူကောင်းဆန်တဲ့သူဌေးဟာ သူ့ကိုနှစ်သိမ့်ပေးပေမယ့် လူငယ်လေးက သူ့ခေါင်းကို ခါယမ်းလိုက်လေတယ်။ သူက ဒီအကြောင်းကို ဆက်မပြောချင်တော့ပါဘူး။
"ဘော့စ်။ ဒီမှာရနိုင်တဲ့ တပတ်ရစ်ဂိမ်းတွေအကုန်လုံး ကျွန်တော်ဆော့ပြီးသွားပြီ။ လောလောဆယ် အသစ်တခုခု မရှိဘူးလား?"

"အင်း။ ရှိတော့ရှိတယ်။ ဒါပေမယ့် မင်းရဲ့လောလောဆယ်အခြေအနေအရတော့ အလွန်အကြူးသွေးထွက်သံယိုတွေနဲ့ကြောက်စရာဂိမ်းဆော့ဖို့ အကြံမပေးချင်ဘူး"
ဘော့စ်က ကောင်တာအောက်ကနေ အနက်ရောင်သေတ္တာတခု ထုတ်ယူလိုက်လေတယ်။ သေတ္တာဟာ ဘာမှန်းမသိတဲ့သတ္တုနဲ့ပြုလုပ်ထားပြီး အတော်လေး လေးပုံရတယ်။
"မင်း အရင်တုန်းက အီရာရှိခဲ့(Iyashikei=ကုသခြင်း) ဂိမ်း ဆော့ဖူးလား?"

ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)Where stories live. Discover now