14

131 28 0
                                    

Unicode

ကောင်းချီးမင်္ဂလာနှင့် ကံဆိုးခြင်းတို့ကို အတူတကွခံစားတာက သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေကို ဆက်ဆံသင့်တဲ့ ပုံပါပဲ။ သရဲခြောက်တဲ့အိမ်ထဲမှာ မနက် ၃နာရီကြီး တီဗွီကြည့်နေတာက တယောက်တည်းဆိုရင် အရမ်းစိတ်လှုပ်ရှားစရာကောင်းလွန်းတာကြောင့် ဟန်ဖေးက သူ့အိမ်နီးချင်းကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူ့အနေအထားကို နည်းနည်း၊ နည်းနည်းချင်း ထိန်းညှိရင်း ဟန်ဖေးရဲ့စိတ်က အဖြေတွေတသီတတန်းနဲ့ အပြင်းအထန် လှုပ်ရှားနေတယ်။ ၆လွှာကအိမ်နီးချင်းဟာ ဟန်ဖေးက တံခါးချောင်းကြည့်ပေါက်ကနေ သူ့ကို တိုက်ရိုက်ကြည့်လို့မရအောင် အရှေ့တံခါးထောင့်မှာ ပုန်းနေဆဲပါပဲ။ အခုချိန်ထိ သူ့အိမ်နီးချင်းရဲ့လှုပ်ရှားမှုကို အခြေခံပြီး ပြောရရင်၊ သူ တံခါးကိုရုတ်တရက်ဖွင့်လိုက်မယ်ဆိုရင် တံခါးနောက်ကွယ်ကလူက ဘယ်သူလဲဆိုတာ အရင်မစစ်ဆေးဘဲ အရင်ဆုံး ကျူးကျော်ရန်စတာတွေဖြစ်လာနိုင်တယ်လို့ ဟန်ဖေးယုံကြည်တယ်။ အဲ့ဒါကြောင့် အိမ်ထဲကသရဲနဲ့ အိမ်ပြင်ကမကောင်းဆိုးရွားတို့ ပိုကောင်းတဲ့ရင်းနှီးမှုဖြစ်အောင် ကူညီဖို့ သူမလုပ်ခင် သရဲက အိမ်ရှေ့တံခါးကနေဖြတ်သွားစေမယ့်နည်းလမ်းကို ရှာဖွေနေတယ်။

ဒါက အစီအစဉ်ဖြစ်ပေမယ့် တကယ့်လှုပ်ရှားမှုဖြစ်အောင်လုပ်ရတာတော့ တကယ်ခက်ပါတယ်။ သူ့ခန္ဓာကိုယ်က အမှောင်ထုထဲ နစ်မြုပ်နေပြီး အေးစက်ခြောက်ခြားမှုက သူ့ရဲ့အာရုံကြောတိုင်းထဲကို စိမ့်ဝင်နေတယ်။ သူ့ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုသေးသေးလေးကတောင် သူ့နှလုံးကို တုန်ယင်လှုပ်ရှားစေတယ်။ တီဗိဖန်သားပြင်ကနေလာတဲ့ တခုတည်းသောအလင်းရောင်က မှိန်သွားပုံရတယ်။ ကွဲကြေနေတဲ့ဇာတ်ကောင်ဟာ အဆုံးမရှိဖမ်းဆီးနေတဲ့သံသရာကနေ ရုန်းကန်ပြီး လွတ်မြောက်သွားတယ်။ ဘယ်အရာကနေ အတင်းအဓမ္မဖမ်းဆီးနေတာလဲဆိုတာကို ဟန်ဖေးမပြောတတ်ပေ။ သူ သိသမျှကတော့ ဒီလွတ်မြောက်မှုဟာ ဒီဇာတ်ကောင်အတွက် အချည်းနှီးပဲ ဆိုတာကိုပါပဲ။ ဇာတ်ကောင်ရဲ့အသံမဲ့အော်ဟစ်မှုက နိမိတ်လက္ခဏာတခု ဖြစ်ပုံရတယ်။ သူ့ရဲ့ရုန်းကန်မှုဟာ အချည်းနှီးပါပဲ။ မမြင်ရတဲ့လက်တစုံနဲ့ ထပ်ခါထပ်ခါ ဖမ်းဆီးဆွဲခေါ်ခြင်းကို ခံနေရလေတယ်။ သူက အရာများစွာကိုကြိုးစားပြီး ခုခံမှုတိုးတက်လာအောင် ဆွဲလို့ရသမျှပစ္စည်းတိုင်းကိုဆွဲပြီး အသုံးချခဲ့တယ်။ အိမ်မည်းကြီးကနေ အကြိမ်တိုင်း လွတ်မြောက်တော့မလိုဖြစ်ပေမယ့် အကြိမ်တိုင်းမှာပဲ သူ့ရဲ့တခြားခန္ဓာကိုယ်အစိတ်အပိုင်းကို ဆုံးရှုံးရတယ်။

ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)Where stories live. Discover now