Unicode
"ပြီးပြည့်စုံသောဘဝဟာ မင်းရဲ့ဝိညာဉ်ကို နှစ်သိမ့်ပေးပြီး မင်းရဲ့တင်းကြပ်မှုတွေကို လျှော့ချပေးမယ့် ပေါ့ပါးတဲ့ Iyashikei game ဖြစ်တယ်။ ဒီမှာ များပြားလှတဲ့ ရယ်မောဖွယ်ရာဇာတ်လမ်းတွေကို တွေ့ရမှာဖြစ်ပြီး နှလုံးသားကိုနွေးထွေးစေမယ့် မိသားစုဘဝက မင်းကိုစောင့်ကြိုနေတယ်။ ငါတို့ရဲ့ အဓိကသက်ဝင်ယုံကြည်မှုဖြစ်တဲ့ မျှော်လင့်ချက်၊ အတိသုခ တို့နှင့်အတူ အပြုသဘောဆောင်တဲ့စွမ်းအင်တွေကို ကစားသူတိုင်းရဲ့ဘဝထဲ သယ်ဆောင်လာဖို့ ကြိုးပမ်းလျက်ရှိပါတယ်..."
ဟန်ဖေးရဲ့ အနက်ရှိုင်းဆုံးဦးနှောက်အတွင်းကနေ ပဲ့တင်ထပ်လာသလို စက်ရုပ်အသံဟာ ၂၃:၅၉ အချိန်မှာ တိတ်သွားတယ်။
"အခု မင်းရဲ့ကိုယ့်ပိုင်ပြီးပြည့်စုံသောဘဝကို လွတ်လွတ်လပ်လပ်ရွေးချယ်လို့ရပါပြီ"
အေးခဲမာကြောတဲ့မျက်နှာပြင်က ဟန်ဖေးရဲ့မျက်နှာကြွက်သားတွေကို လှုံ့ဆော်ပေးနေတယ်။ လူငယ်လေးက သူ့မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ မရင်းနှီးတဲ့အခန်းတခန်းထဲမှာ မှောက်လျက်လဲနေတာကို တွေ့လိုက်ရတယ်။ အခန်းအကျယ်ဟာ ၇၀ ကုဗမီတာလောက် ရှိတယ်။ ပရိဘောကတွေဟာ ဖုန်ထူထူလွှမ်းခြုံနေတယ်။ နံရံတွေဟာ နက်မှောင်တဲ့အနီရောင်အစွန်းတွေ စွန်းထင်းနေလေတယ်။
"ဂျီးဆပ်စ်၊ ခေါင်းကိုက်လိုက်တာ။ ငါ့ခေါင်းနောက်ကို တယောက်ယောက်က အပေါက်ဖော်စက်နဲ့ ဖောက်လိုက်သလိုပဲ"
ပေါ့ပါးတဲ့မှိုနံ့အနည်းငယ်က သူ့နှာခေါင်းထဲပြည့်လာပြီး ဟန်ဖေးဟာ သူ့ပတ်ပတ်လည်ရှိအရာရာတိုင်းကို ရှင်းလင်းစွာ ရှာဖွေတွေ့ရှိနိုင်တယ်။ သူ့ရဲ့ အနံ့၊ အမြင်၊ အကြား၊ အထိအတွေ့နဲ့ အရသာခံအာရုံအားလုံးဟာ နဂိုအတိုင်းရှိနေပြီး ဒီဂိမ်းကမ္ဘာဟာ သူ့ရဲ့အစစ်အမှန်ဘဝနဲ့ ဘာကွဲပြားခြားနားမှုမှ မရှိပေ။ ကြမ်းပြင်ပေါ်မှာ ထုံထိုင်းစွာထိုင်နေရင်း ဟန်ဖေးဟာ သူ့ပတ်ပတ်လည်ရှိ ချုံးချုံးကျနေတဲ့အခန်းလွတ်ကို လေ့လာနေတယ်။ အခန်းရဲ့ဖွဲ့စည်းပုံနှင့် ပရိဘောကစတိုင်က အိမ်အဟောင်းကို သတိရစေတယ်။ ဖုံတွေက နေရာတိုင်းမှာရှိနေတာကြောင့် ဒီနေရာဟာ ပစ်ထားတာ အတော်ကြာနေလောက်ပြီ။
"ဒီတော့ ဒါက ငါ့ရဲ့ဂိမ်းထဲကအိမ်ပေါ့?"
ဟန်ဖေးက မတ်တပ်ထရပ်လိုက်ပြီး သူ့ဦးခေါင်းနောက်ကို ပွတ်လိုက်တယ်။
"ဂိမ်းမိတ်ဆက်အရတော့ Iyashikei အမျိုးအစားထဲက ဘဝကို လှုံ့ဆော်ပေးတဲ့ဂိမ်းပဲ။ တသမတ်ထဲ ဇာတ်ကွက်မသတ်မှတ်ထားတဲ့ လွတ်လပ်တဲ့ဂိမ်းပဲ။ ငါ့ရဲ့ ကိုယ်ပိုင်အဆင့် ဒါမှမဟုတ် လယ်ရာအရင်းအမြစ်ကို တိုးချဲ့ဖို့က ငါ့ရဲ့လွတ်လပ်ခွင့်ပဲ။ ငါ virtual girlfriend တောင်မှ ရှာလို့ရပြီး virtual အချစ်နဲ့ ဆက်ဆံရေးကို တည်ဆောက်လို့ရတယ်"
YOU ARE READING
ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)
Misterio / SuspensoName: My Iyashikei Game Author(s): I Can Fix Air-Conditioners 我会修空调 This is the authors of 'My House of Horror'. So some people say that this is a lot like MHoH. But this is a type of vr game. Associated name is My Healing Game. I hope you like it...