3: Sleep

235 52 1
                                    

Unicode

လူတချို့က အားနေချိန်မှာ ဂိမ်းဆော့ကြပြီး တချို့ကတော့ အောက်တန်းလွှာတွေကို နင်းချင်လို့ ဂိမ်းတော့နေကြတဲ့အချိန်မှာ ဟန်ဖေးကတော့ ဒီဂိမ်းကို သက်တောင့်သက်သာခံစားရဖို့ ဆော့နေခဲ့ပေမယ့် အခု သူဟာ ပိုလို့တောင် ခြိမ်းခြောက်ခံနေရတယ်လို့ ခံစားနေရတယ်။ ကြမ်းတိုက်တုတ်ကို ချထားလိုက်ပြီး ဟန်ဖေးက ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ ဟန်ဖေးက သူ့ပတ်ဝန်းကျင်ကို scan ဖတ်နေတယ်။ အခန်းထဲက အလင်းရောင်ဟာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး နွေးထွေးတဲ့ခံစားချက်ဆိုတာက ခြေရာလက်ရာတောင် မကျန်ပဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တယ်။ သူက ရေခဲသေတ္တာဘေးကို မဝံ့မရဲ ကပ်သွားလိုက်တယ်။ အစောပိုင်းတုန်းက အဘွားဟာ အခဲခန်းဖြစ်တဲ့ အပေါ်ပိုင်းရေခဲ့သေတ္တာကိုသာ ဖွင့်ခဲ့တယ်။ ဆိုလိုတာက အောက်ဘက်ရေခဲသေတ္တာမှာ ဘယ်လို အံ့အားသင့်စရာတွေက သူ့ကို စောင့်ကြိုနေမလဲဆို ဟန်ဖေး မသိနိုင်ဘူး။

အဘွားရဲ့ရေခဲသေတ္တာဟာ လူတယောက်ကို ထည့်ထားနိုင်လောက်အောင် မကြီးပါဘူး။ ဒါပေမယ့် အင်း...

ဟန်ဖေးက အသက်ပြင်းပြင်းတချက်ရှုလိုက်ပြီး ရေခဲသေတ္တာ အောက်တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်တယ်။ သူက ရေခဲသေတ္တာရဲ့သိီးသန့်အံဆွဲကို ဆွဲဖွင့်လိုက်တော့ အမဲရောင်ပလတ်စတစ်အိတ်တွေ ထိုးထည့်ထားတာကို တွေ့လိုက်ရတယ်။ သူဟာ အရင်တုန်းက သရဲကားတွေထဲမှာ တူညီတဲ့ဇာတ်ကွက်မျိုး ကြည့်ခဲ့ဖူးပေမယ့် စခရင်ပေါ်မှာ ကြည့်တာနဲ့ သူကိုယ်တိုင်ကြုံတွေ့နေရတာက လုံးဝကို ကွဲပြားခြားနားတဲ့ အတွေ့အကြုံပါပဲ။ သူ့လက်ချောင်းတွေကို အံဆွဲဆီ လှမ်းလိုက်တယ်။ ဟန်ဖေးက လူမျက်နှာ သို့မဟုတ် ဆံပင်တွေ တွေ့လိုက်ရမှာကို စိုးရိမ်နေတယ်။ သူ့ရဲ့လည်ဇလုတ်က တချက်လှုပ်ရှားသွားပြီး ဟန်ဖေးက သူ့လက်သည်းကို သုံးပြီး ပါးလွှာတဲ့ပလတ်စတစ်အိတ်ကို ခြစ်လိုက်တယ်။ အထဲမှာ အေးခဲနေတဲ့ ငါးတွေ၊ ဝက်သားတွေနဲ့ ပြည့်နှက်နေပါတယ်။ သူမျှော်လင့်ထားသလို ကြောက်စရာကောင်းတဲ့မြင်ကွင်းတွေ ပေါ်မလာပါဘူး။ ဟန်ဖေးက အတော်လေး စိတ်သက်သာသွားပြီး သက်ပြင်းချလိုက်တယ်။ သူက ရေခဲသေတ္တာတံခါးကို အဘွားပြန်မရောက်လာခင် အမြန်ပိတ်လိုက်တယ်။

ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)Where stories live. Discover now