Unicode
အစောပိုင်းတုန်းကပြောခဲ့သလိုပဲ ဂိမ်းမစတင်ခင်တုန်းက ဟန်ဖေးဟာ ဂိမ်းသုံးသပ်ချက်တွေကို အွန်လိုင်းကနေ ရှာဖွေဖို့ ကြိုးစားခဲ့တယ်။ အပြုသဘောဆောင်တဲ့သုံးသပ်ချက်တွေဟာ အစိတ််အပိုင်းအများစုကို လွှမ်းမိုးထားခဲ့တယ်။ CB ကစားသမားတော်တော်များများဟာ ဒီဂိမ်းကို လူလုပ်ထားတဲ့ကောင်းကင်ဘုံရဲ့ဝင်စားမှုအဖြစ် ချီးကျူးထားခဲ့ကြတယ်။ လူသားတွေရဲ့စိတ်ကူးယဉ်နိဗ္ဗာန်ကို ရှင်းလင်းထားတယ်။ အဲ့အချိန်တုန်းက ဟန်ဖေးက ဂိမ်းအတွင်းဦးဆောင်ရမယ့်ဘဝကို စိတ်ကူးယဉ်ခဲ့တယ်။ သူ့မှာ သူငယ်ချင်းတွေအများကြီးရှိလာပြီးတော့ ပိုက်ဆံအတွက် ထပ်ပြီး စိတ်ပူစရာမလိုတော့ဘူးပေါ့။
သူ့ရဲ့နေ့စဉ်ဘဝမှာ ငွေရေတွက်ခြင်းနဲ့ အပြစ်များကို ကျေကျေနပ်နပ်ခံစားခြင်းတို့ ပါဝင်လိမ့်မယ်။ သူ့ဘဝဟာ အဲ့လိုနည်းနဲ့ 'ပျင်းရိစရာ' ကောင်းလာလိမ့်မယ်။
ထပ်ပြီးတော့ စိတ်ကူးယဉ်မှုဟာ 'virtual' reality ထက် ပိုပြီးလှပတယ်လို့ သက်သေပြနေတယ်။ ဒီအခိုက်အတန့်မှာ ဟန်ဖေးက စောင်အတွင်းမှာ ဓါးမတချောင်းနဲ့ ချွေးတွေရွှဲရွှဲစိုနေရင်း နံရံကပ်လျှပ်စစ်နာရီပေါ်မှာ အာရုံစူးစိုက်ဖို့ လေ့ကျင့်နေတယ်။ နာရီရဲ့အရောင်က အစိတ်အပိုင်းတချို့တွေမှာ ကွာကျနေတယ်။ လေထုထဲက မှိုနံ့တွေက စိတ်ပျက်စရာကောင်းအောင် နံစော်နေတယ်။ အခုချိန်က မနက် ၂နာရီ ရှိနေပါပြီ။
ကစားသမားအသစ်မစ်ရှင်၊ အိပ်နေတာက နည်းနည်းလောက်ကြာနေပြီ။ အခန်းက တိတ်ဆိတ်နေပြီး ဘာအဖြစ်အပျက်မှ မဖြစ်ပွါးပေ။ ဟန်ဖေးက စိတ်သက်သာရာရစ ပြုလာတယ်။ အဘွားရဲ့သတိပေးစကားက ကြောက်စရာကောင်းသော်လည်း နေ့တနေ့ရဲ့အဆုံးမှာ ဒါကို Iyashikei ဂိမ်းတခုလို့ ယူဆလို့ရပါတယ်။ လူတယောက်ရဲ့ဘဝက ဘယ်လောက်ပဲကြောက်စရာကောင်းနေပါစေ အရူးလူသတ်သမားတွေ၊ သဘာဝလွန်ခြောက်လှန့်မှုတွေနဲ့ ပတ်သတ်နေတဲ့ ပျော်ရွှင်စရာဘဝရယ်လို့ ဟန်ဖေးစိတ်မကူးကြည့်နိုင်ပေ။ နောက်ထပ် ၁၀ မိနစ်ပြီးတဲ့နောက်မှာတော့ ဘာမှပြောင်းလဲမှုမရှိတာကြောင့် ဟန်ဖေးက တဖြည်းဖြည်း စိတ်အေးသွားတယ်။
YOU ARE READING
ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)
Mystery / ThrillerName: My Iyashikei Game Author(s): I Can Fix Air-Conditioners 我会修空调 This is the authors of 'My House of Horror'. So some people say that this is a lot like MHoH. But this is a type of vr game. Associated name is My Healing Game. I hope you like it...