13

134 30 1
                                    

Unicode

အချိန်ဟာ သူ့ဘက်မှာရှိမနေဘူးဆိုတာကို သိတာကြောင့် ဟန်ဖေးရဲ့ဦးနှောက်က အရာရာတိုင်းကို 0.1 စက္ကန့်အတွင်းမှာပဲ တွက်ချက်နေရတယ်။ သူ မြန်မြန် လှုပ်ရှားရမယ်။ နှစ်ဘက်စလုံးဟာ အချိန်ကိုဆန့်ကျင်ပြီး အပြေးပြိုင်နေတယ်။

"အမြန်။ မြန်မြန်လေး!"
သရုပ်ဆောင်တယောက်အဖြစ် လေ့ကျင့်ထားတဲ့ သူ့ရဲ့ကြွက်သားဖွဲ့စည်းပုံနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက ဒီနေရာမှာ အတော်လေး အကူအညီရပါတယ်။ သူ့နှလုံးက တုန်ခါနေရင်တောင်မှ သူ့လက်တွေကတော့ တည်ငြိမ်နေဆဲပါပဲ။ မှန်ကန်တဲ့သော့ကို သူ စမ်းမိတာနဲ့ သော့ပေါက်ထဲကို ထိုးထည့်လိုက်တယ်။ ကလစ်ကခနဲ့ ပွင်သွားတာနဲ့ ဟန်ဖေးက တံခါးကိုတွန်းဖွင့်ပြီး အိမ်ထဲ အပြေးဝင်လိုက်တယ်။ သူက လျှောဝင်ကာ တံခါးကို ပြန်တွန်းပိတ်ပြီး လက်သီးဆုပ်ကာ ပါးစပ်ထဲ ထည့်လိုက်တယ်။ တံခါးကနေဖြတ်ပြီး အပြင်ဘက်ကနေ သားရဲကောင်လိုအသက်ရှုသံကို ဟန်ဖေးကြားနေရတယ်။
"ဒီတခါက ဘယ်လိုငရဲကြီးလဲဟ?"

အားနည်းနေတဲ့ဒူးပေါ် မတ်တပ်ရပ်နေရင်း ဟန်ဖေးက သော့ပေါက်ကနေ အားတင်းပြီး ကြည့်လိုက်တယ်။ ကော်ရစ်ဒါမှာ ဘာမှရှိမနေပေ။ 'အသက်ရှုသံက ပျောက်သွားပေမယ့် သွေးနံ့က ရှိနေသေးတယ်!'

ဟန်ဖေးက တံခါးကိုဆွဲဖွင့်ပီး စစ်ဆေးကြည့်ရလောက်အောင် မတုံးအပေ။ သူ့မျက်လုံးနဲ့မြင်ရတဲ့ ရှုထောင့်ကိုသာ ချိန်ညှိပြီးကြည့်လိုက်တော့ တံခါးအောက်နားထောင့်မှာ ပုန်းနေတဲ့ လူမျက်နှာတခုကို တွေ့လိုက်ရတယ်။
'၆လွှာက ဟာကြီးက ရှိနေတုန်းပဲ! သူက ငါ့ရဲ့မျက်ကွယ်မှာ ပုန်းနေပြီးတော့ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ စောင့်နေပုံရတယ်!'

၃လွှာက အဘွားအိုဟာ ဟမ်ဖေးအား ကျောချမ်းဖွယ်ခံစားချက်တချို့နဲ့ ကြင်နာမှုကိုပေးတယ်ဆိုရင် ဒီ ၆လွှာက အကောင်ဟာ ရူးသွပ်မှု၊ သွေးထွက်သံယိုဖြစ်မှုနဲ့ ကောက်ကျစ်မှု ခံစားချက်တွေကို ထုတ်ဖော်ပြထားတယ်။
'အိမ်နီးနားချင်းတွေရဲ့ အကောင်းဆုံးရွေးချယ်မှုကို ခံရမှာ သေချာပါတယ်'
ဟန်ဖေးဟာ ခြေတစ်လှမ်းဆုတ်ကာ နဖူးပေါ်က အေးစက်နေတဲ့ ချွေးတွေကို သုတ်လိုက်တယ်။
'အဲ့ဒီအကောင်က အပြင်မှာစောင့်နေတယ်ဆိုတော့ ငါ ထွက်သွားလို့မရဘူး။ ဒါပေမယ့် ဂိမ်းထဲကနေထွက်ဖို့ဆို အနည်းဆုံး မစ်ရှင်တခုပြီးရမယ်။ ကစားသမားအသစ်မစ်ရှင်ကို ဒီအိမ်ထဲမှာပဲလုပ်ဖို့က ငါ့ရဲ့တခုတည်းသောရွေးချယ်မှုဖြစ်ပုံရတယ်...'

ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)Where stories live. Discover now