12

138 31 0
                                    

Unicode

"အကိုယိုဖူ?"
အဘိုးအိုက ဟန်ဖေးကို သဘာဝကျစွာပဲ သံသယဝင်တယ်။
"မင်းတို့က သူငယ်ချင်းတွေဆို ငါ အရင်က မင်းအကြောင်း မကြားဖူးဘူးရယ်?"

"သေချာပါတယ်။ ကျနော့်နာမည် ဟန်ဖေးလေ။ ရေးတေးတေးလေး သတိမရဘူးလား?"
သူ့မှတ်ဉာဏ်က နောက်ပိုင်းမှ သူ့ကိုမမှတ်မိတော့သလို ရိုးသားတဲ့ပုံနဲ့ ဟန်ဖေးက အဘိုးအိုကို ကြည့်လိုက်တယ်။ နောက်ဆုံးတော့ ဒါဟာ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကပဲလေ။

"မင်း အခုမင်းပြောသလိုပဲ ယိုဖူမှာ အသိမိတ်ဆွေတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မင်းက သူတို့အသက်လို့ မထင်ရပါဘူး"
အဘိုးအိုက မှတ်ချက်ပေးတယ်။

"ကျနော်က သရုပ်ဆောင်လေ။ အဲ့ဒါကြောင့် ကျနော့်အသွင်အပြင်ကို ကောင်းကောင်းဂရုစိုက်ရတယ်။ တရားဝင် အသွင်အပြင်ကြောင့်၊ ကျနော့်မှာ တင်းကြပ်တဲ့ အသားအရေ ထိန်းသိမ်းမှု လုပ်ရိုးလုပ်စဉ် တစ်ခုရှိတယ်"
သူ့အလိမ်အညာတွေမပေါ်ခင် ဟန်ဖေးက လျင်မြန်စွာပဲ ခေါင်းစဉ်ပြောင်းလိုက်တယ်။
"ဆရာ။ ကျနော် တကယ်ပဲ အကိုယိုဖူအတွက် တခုခု လုပ်ပေးချင်လို့ပါ"

"ကောင်းပြီ။ သူ့မှာ မပြည့်မြောက်သေးတဲ့ဆန္ဒများစွာ ရှိခဲ့တယ်။ သူ့ဘဝထဲမှာ အမြဲတမ်းလိုချင်နေတာဆိုလို့ အားမေနဲ့အတူတူ သူ့ဘဝကို တည်ဆောက်ဖို့ပဲ။ သူတို့မတော်တဆမဖြစ်မီ သိပ်မကြာခင်တုန်းက အဲ့ကလေးက ငါ့ဆီရောက်လာတယ်။ သူ အားမေနဲ့ မင်္ဂလာပွဲလုပ်ဖို့ အကြွေးတင်နေတာကို လျော်ကြေးပေးချင်တာကြောင့် ပိုက်ဆံနည်းနည်းစုထားတယ်လို့ ပြောတယ်။ သူတို့ လက်မှတ်ထိုးတုန်းက စီးပွါးရေးမပြေလည်တာကြောင့် သူတို့ မင်္ဂလာပွဲ မလုပ်ခဲ့ရဘူးလေ"
အဘိုးအိုက ခေါင်းခါလိုက်တယ်။
"ဒါပေမယ့် အဲ့အကြောင်းတွေကို အခုပြောလို့လဲ အဓိပ္ပါယ် မရှိတော့ပါဘူး။ မင်း ငါ့ကိုမေးရင်တော့ အခု သူ အဖြစ်ချင်ဆုံးဆန္ဒက လူသတ်သမားကို ဖမ်းမိဖို့ပဲ ဖြစ်လိမ့်မယ်။ တကယ်တော့ သူ့ဘဝရဲ့ချစ်ရသူကို လူသတ်သမားက သတ်သွားခဲ့တာလေ"

"နားလည်ပြီ။ မိသားစု၊ မင်္ဂလာပွဲနဲ့ လူသတ်သမားကို ဖမ်းဖို့"
ဟန်ဖေးက ဒီအချက်အလက်တွေကို မှတ်သားလိုက်တယ်။ သူက အဘိုးအိုကို ကြည့်လိုက်တယ်။
"ဆရာ။ အကိုယိုဖူက အဘိုးရဲ့ကျန်းမာရေးကိုလည်း စိတ်ပူနေလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ အဘိုး ကိုယ့်ကိုယ်ကို ကောင်းကောင်း ဂရုစိုက်ရမယ်။ ပြီးတော့ အဲ့ဒီသောက်လူသတ်သမားကိုဖမ်းဖို့ ကျနော် အကောင်းဆုံးကြိုးစားမယ်လို့ ကတိပေးတယ်"
သူ့ဖုန်းနံပါတ်ကို ပေးခဲ့ပြီးနောက် ဟန်ဖေးဟာ အဘိုးအိုနဲ့ ခဏလောက်စကားပြောပြီး လီရွှယ်နဲ့အတူ ထွက်လာခဲ့တယ်။

ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)Where stories live. Discover now