169 40 1
Unicode
လီရွှယ်က သူ့လိုပဲ သံသယရှိသူတယောက်လို့ ဟန်ဖေးထင်တာကြောင့် သူမအပေါ် ပွင့်ပွင့်လင်းလင်းပြောခဲ့ပေမယ့် သူမက ရဲအရာရှိတယောက် ဖြစ်နေတယ်။ သို့သော်လည်း အချုပ်ခန်းတံခါးနားမှာရပ်ပြီး လီရွှယ်ထွက်သွားတာကိုကြည့်ရင်း ဟန်ဖေးက ဒီမတိုင်ခင်ကလို မျှော်လင့်ချက်ပျက်သုဉ်းတာမျိုး မခံစားရတော့ပေ။ အခု အနည်းဆုံးတော့ သူ့ဘက်ကဇာတ်လမ်းကို နားထောင်ဖို့ဆန္ဒရှိတဲ့ ရဲအရာရှိတယောက် ရှိသွားပြီဲဖြစ်တယ်။
"ဟေး! သူမရဲ့ပုံစံကြောင့် အရူးလုပ်မခံရစေနဲ့။ မင်း အပြစ်ကင်းတယ်ဆိုရင် ငါတို့နဲ့ ဒီမှာ ခဏလောက် နေရရုံပဲ။ သူမလက်ထဲ မင်းကျရောက်သွားရင် မင်း ထောင်ထဲမှာပဲ အဆုံးသတ်သွားဖို့ ဆုတောင်းမိလိမ့်မယ်"
ကျန်းရှောင်ထျန်က တခြားအခန်းဆီ သူ့နောက်လိုက်ခဲ့ဖို့ ဟန်ဖေးကို အချက်ပြလိုက်တယ်။ အခန်းငယ်ထဲမှာ သက်လတ်ပိုင်းလူကြီးတယောက်က ဒေါသတကြီးနဲ့လက်ထဲမှာ ဖုန်းကို ဆုပ်ကိုင်ထားလေတယ်။ အစောပိုင်းတုန်းက လီရွှယ်ကို သင်ခန်းစာပေးမယ်လို့ ပြောခဲ့တဲ့ လူကြီးဖြစ်နိုင်တယ်။ သူက တင်းမာတဲ့ပုံ ဟန်ဆောင်နေပေမယ့် လီရွှယ်ကို သူ့အမိန့်လိုက်နာအောင်လုပ်ဖို့ ကျရှုံးခဲ့တယ်။ 
"ခေါင်းဆောင်ဝမ်။ စိတ်လျှော့ပါ။ နေ့တနေ့ရဲ့အဆုံးမှာ သူမက ဆုတွေအများကြီးရထားတဲ့ စုံစမ်းစစ်ဆေးရေးမှူးတယောက်ပဲလေ။ သူမက ဒီမှာ ဒေသခံတွေရဲ့ဘဝကို အတွေ့အကြုံလာယူရုံပဲ။ သူမကို အဲ့လောက် ပြင်းထန်ဖို့ မလိုပါဘူး"
ကျောက်မင်က ရေတဖန်ခွက်ထည့်ပြီး စားပွဲပေါ်တင်လိုက်တယ်။
"သူမက ဆုတွေအများကြီးရထားတဲ့ စစ်ဆေးရေးမှုးဖြစ်တော့ရော ဘာဖြစ်လဲ? လူသားတယောက်လိုမပြုမူရင် ဘာအဓိပ္ပါယ်ရှိမှာလဲ! သူမက စည်းကမ်းလိုက်နာဖို့ ငြင်းဆန်နေရင် မနက်ဖြန် အလုပ်လာဖို့ အကြောင်းကြားစရာမလိုတော့ဘူးလို့ ပြောလိုက်!"
သက်လတ်ပိုင်းအရာရှိက စိတ်ဆိုးမာန်ဆိုး ပြောလေတယ်။
"ဆရာ၊ သူမကိုအလုပ်ဖြုတ်လိုက်ရင် သူမမိဘတွေက ဆရာ့ကို လူကိုယ်တိုင်လာပြီး ကျေးဇူးတောင်တင်ဦးမယ်။ သူမက ချမ်းသာတဲ့မိသားစုကလာပြီး သူမမိဘတွေက သူမအလုပ်အကိုင်ရွေးချယ်တာကို ငြင်းဆန်ခဲ့တယ်လို့ ကျွန်တော်ကြားခဲ့ရတယ်"
ပြောပြီးတဲ့နောက် ဒါဟာ သူ့အထက်လူကြီးကို ပိုပြီးစိတ်ဆိုးစေလိမ့်မယ်ဆိုတာသဘောပေါက်ပြီး ကျောက်မင်က အမြန်ပဲခေါင်းစဉ်ပြောင်းလိုက်လေတယ်။
"ခေါင်းဆောင်ဝမ်။ ဒါနဲ့လေ သူက ဟန်ဖေးပါ"
ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)Where stories live. Discover now