Unicode
ဟန်ဖေးက ဒါရိုက်တာကျန်းရဲ့အကြီးကြီးမြှောက်ပင့်မှုကြောင့် ရှက်နေတယ်။ သူက အမှန်အတိုင်းပြောလိုက်ဖို့ စဉ်းစားမိပေမယ့် ယုံကြည်နိုင်စရာမရှိကြောင်း သတိထားလိုက်မိတယ်။
"မင်းက ကျောက်မျက်ရတနာလေးပဲ။ ဒီရုပ်ရှင်ထဲမှာ မင်းနဲ့ဆိုရင် အရှေ့ပိုင်းကရိုက်ကွက်တွေအကုန်လုံး တည်ငြိမ်သွားပြီ"
ဒါရိုက်တာကျန်းက ဟန်ဖေးကို ကျေနပ်နေတဲ့အပြုံး ပြုံးပြလိုက်တယ်။
"မင်း ဒီလောက်သရုပ်ဆောင်ကောင်းပေမယ့် မင်း ဘယ်လိုလုပ် နာမည်မကြီးသေးတာလဲဆိုတာကို ငါ နားမလည်ခဲ့ဘူး။ အခုတော့ မင်းက တလျှောက်လုံး ရုပ်ရှင်အမျိုးအစားမှားနေခဲ့လို့ပဲဆိုတာ ငါ သဘောပေါက်ပြီ။ အနာဂါတ်မှာ မင်း သရဲကားတွေပိုရိုက်ဖို့ ကြိုးစားသင့်တယ်""ကျနော့်ရဲ့အိပ်မက်က ဟာသသရုပ်ဆောင်ဖြစ်ချင်နေတုန်းပဲ။ လူတွေ ပိုပြီးရယ်မောကြတာကို သဘောကျတယ်; အဲ့ခံစားချက်က ကျနော့်ကို ပျော်ရွှင်စေတယ်"
"ရောမကိုဦးတည်နေတဲ့လမ်းက တလမ်းထက်မက ပိုရှိပါတယ်။ မင်းနာမည်ကို အရမ်းတော်တဲ့သရဲကားသရုပ်ဆောင်အဖြစ် အရင်လုပ်ပြီးမှ မင်းလိုချင်တဲ့ ဇာတ်ညွှန်းကို လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရတယ်"
ဒါရိုက်တာကျန်းက ဟန်ဖေးအပေါ် အရမ်းကို ကျေနပ်နေတယ်။
"ပြောစရာမလိုတော့ဘူး။ သရုပ်ဆောင်ရွေးချယ်တာကို မင်း အောင်မြင်သွားပြီ။ အိမ်ပြန်ပြီးနားတော့။ မနက်ဖြန်ကစပြီး တရားဝင်အဖွဲ့သားတယောက် ဖြစ်သွားပြီ""ကျနော်..."
ဟန်ဖေးက သူ့အနေနဲ့ နောက်တနေ့ကို မြင်ရဖို့ အသက်ရှင်ဦးမှာလားဆိုတာ မသိပေ။ ဂိမ်းရဲ့စည်းမျည်းအရ သူ နေ့တိုင်း ဂိမ်းထဲဝင်ရမယ်။"မင်းရဲ့သရုပ်ဆောင်ကြေးအတွက် ငါ အကောင်းဆုံးလုပ်ပေးမှာပါ။ အဲ့ဒါကြောင့် အဲ့ဒါနဲ့ပတ်သတ်ပြီး မစိုးရိမ်နဲ့"
သူ ရှုတင်ကိုရောက်လာတာ ၁၀မိနစ်ပဲ ရှိပါသေးတယ်။ ဟန်ဖေးက ဝန်ထမ်းဆီက နေ့လည်စာဘူးကို အလစ်သုတ်ပြီး ထွက်လာတော့မယ့်အချိန်မှာ သူ့ဖုန်းက တုန်ခါလာတယ်။ ဒီတခါဖုန်းခေါ်လာတဲ့လူကတော့ လီရွှယ်ပါ
"မင်း တခုခုရှာတွေ့ပြီလား?"
YOU ARE READING
ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)
Mystery / ThrillerName: My Iyashikei Game Author(s): I Can Fix Air-Conditioners 我会修空调 This is the authors of 'My House of Horror'. So some people say that this is a lot like MHoH. But this is a type of vr game. Associated name is My Healing Game. I hope you like it...