5: ဒီ Iyashikei ဂိမ်းက ဘယ်လိုလဲ?/ဒီ Iyashikei ဂိမ္းက ဘယ္လိုလဲ?

193 46 0
                                    

Unicode

ဆိုဖာဘေးကအရိပ်မဲဟာ အိပ်ခန်းတံခါးနားမှာ ရုပ်လုံးပေါ်လာတယ်။ ဟန်ဖေးက လူတယောက်ရဲ့ပုံသဏ္ဍာန်ကို ပုံဖော်လို့ရရုံပါပဲ။ ၎င်းက ခေါင်းကိုငုံ့ထားပြီး ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတယ်။ ဟန်ဖေးက ကြက်သေသေပြီး ကုတင်ပေါ်မှာ တဝက်လှဲနေတယ်။ မှိုတက်နေတဲ့အနီရောင်စောင်ရှည်ကို သူ့နောက်ကျောပေါ်မှာ လွှမ်းခြုံထားတယ်။ 'ဒါက တိုက်ခိုက်ရမယ့်ဂိမ်းဆိုတာကို သိထားရင် ငါ ပိုပြီး ပြင်ဆင်ထားခဲ့မိမှာပဲ။ ဒါပေမယ့် ဘော့စ်နဲ့ အင်တာနက်ပေါ်က review တွေအကုန်လုံးက ဒါဟာ Iyashikei ဂိမ်းလို့ပဲ ပြောခဲ့ကြတယ်။ Iyashikei ဂိမ်းဆိုရင် အသက်အတွက် လွတ်မြောက်ဖို့ကို ဘယ်သူက ပြင်ဆင်နေဦးမှာလဲ?!

သုက အိပ်ခန်းတံခါးကို ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ စိုက်ကြည့်နေခဲ့တယ်။ သူ့ဦးနှောက်က ယာယီပိတ်သွားပြီးတဲ့နောက် စတင် လည်ပတ်လာတယ်။ သူက ဒီပြဿနာထဲ ရောက်နှင့်နေပြီဆိုတော့ ဂိမ်းကိုအပြစ်တင်နေတာက အချည်းနှီးပါပဲ။ သူ ပေးထားတဲ့စည်းမျည်းတွေထဲကနေ အသက်ရှင်သန်နိုင်ရမယ်! ဂိမ်းထဲကနေ ထွက်ဖို့ အခြေအနေ၂ခုကို ဖြည့်ဆည်းရမယ် : နံပါတ် ၁၊ ဂိမ်းကို ၃နာရီထက်ပိုကြာအောင် ဆော့ရမယ်။ နံပါတ်၂၊ အနည်းဆုံး မစ်ရှင်၁ခု အောင်မြင်ရမယ်။

'အဘွားအိမ်မှာတုန်းက ဖျု့စ်ပြင်တဲ့မစ်ရှင်ကို ငါ အောင်မြင်ထားပြီးပြီ။ ငါ ဂိမ်းထဲကို ဝင်လာတဲ့အချိန်ကို မှတ်မိတယ်။ နံရံကပ်နာရီက သန်းခေါင်ချိန်ကို ပြနေတယ်။ အိပ်ခန်းထဲက နာရီကို ငါ နောက်ဆုံးကြည့်ခဲ့တာက 2:44 am ဆိုတော့ ငါ ရှင်သန်လွန်မြောက်ဖို့ နောက်ထပ် ၁၆ မိနစ်ပဲ လိုတော့တယ်။ ပြီးရင် ငါ ငရဲကို ဒီနေရာကနေ ရုန်းထွက်နိုင်ပြီ!'
ဟန်ဖေးရဲ့ဦးနှောက်က အခုလို တခါမှ မလျင်မြန်ခဲ့ဖူးပါဘူး။ တံခါးကို စိုက်ကြည့်ရင်း သူ့ကြွက်သားတွေ တောင့်တင်းနေပြီး သူ့လက်ချောင်းတွေက ဓါးမလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ထားတယ်။
'ငါရဲ့အစောပိုင်း စစ်ဆေးခဲ့တာကို အခြေခံရရင် ရေချိုးခန်းထဲမှာ ဘယ်သူမှ ရှိမနေဘူး။ ပြီးတော့ တယောက်ယောက်ပုန်းနေရလောက်အောင်လည်း မကျယ်ဘူးဆိုတော့ အဲ့ဒါကြီးက ဘာကြီးလဲ? ငရဲပဲ။ ဒီအကောင်က ရေချိုးခန်းထဲကလွတ်သွားတဲ့အကောင်နဲ့ရော တူတူပဲလား?'

ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)Where stories live. Discover now