6: လူမှုဆက်ဆံရေးဆိုင်ရာစိုးရိမ်ပူပန်မှု/လူမႈဆက္ဆံေရးဆိုင္ရာစိုးရိမ္ပူပန္မႈ

195 42 0
                                    

Unicode

ဟန်ဖေးက သူ့အလုပ်ကိုဆုံးရှုံးပြီးတဲ့နောက် Video game များစွာဆော့ရင်း ယာယီစိတ်သက်သာမှု ရခဲ့တယ်။ သူ့အဓိကရည်ရွယ်က သိပ်မကြာခင်မှာ သူ့ဘဝကို ရှေ့ဆက်ရပ်တည်သွားဖို့ တွန်းအား ပြန်လည်ရရှိနိုင်စေဖို့အတွက် စိတ်ထွက်ပေါက်ရစေဖို့နဲ့ သူ့အခြေအနေကို ပြန်လည်ထိန်းညှိယူဖို့ပဲ ဖြစ်တယ်။ ကဲ၊ သူ့ရည်မှန်းချက်က အခုတော့ ဖြစ်မြောက်နေပါပြီ။ ဒီ ပြီးပြည့်စုံသောဘဝကို ဆော့ကစားပြီးတဲ့နောက် သူဟာ ဘဝရဲ့ကောင်းချီးတွေအတွက် နက်နက်ရှိုင်းရှိုင်းကို ကျေးဇူးတင်နေပြီး အသစ်ပြန်လည် ဖြစ်တည်နေပြီပဲ ဖြစ်တယ်။ သူ အရင်က ရင်ဆိုင်ခဲ့ရတဲ့ မတရားမှုတွေဟာ လူသတ်ဖို့ကြိုးစားနေတဲ့လူသတ်သမားတွေ အတုအယောင်သရဲတွေနဲ့ယှဉ်ရင်တော့ မှေးမှိန်သွားတယ်။ အဲ့ဒါကြောင့် တနည်းအားဖြင့် သူ သက်သာခဲ့တယ်။ ဒါပေမယ့် ကုသတဲ့နည်းလမ်းကတော့ အတော်လေးကြမ်းပါတယ်။ နှိုင်းယှဉ်ပြောရရင် ခွဲစိတ်ဆရာဝန်တယောက်က သူ့လက်သန်းမှာ သစ်သားစစိုက်နေတာကြောင့် လက်သန်းကိုဖြတ်တောက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သလိုပါပဲ။

ကြမ်းပြင်ပေါ်မှာ နုံးချည့်စွာ လဲလျောင်းနေရင်း နာကျင်မှုနဲ့ ပင်ပန်းမှုတို့က သူ့ဝိညာဉ်ကို နှိပ်စက်နေတယ်။ ဟန်ဖေးက နောက်ဆုံးမှာ အိပ်ပျော်သွားတာလား သတိလစ်သွားတာလားတောင် မသိတော့ပါဘူး။

...

ဘန်း! ဘန်း! ဘန်း!

7 am မှာ တံခါးခေါက်သံကြောင့် ဟန်ဖေးနိုးသွားတယ်။ သူ ကြမ်းပြင်ပေါ်ကနေ လူးလိမ့်ထလိုက်ပြီး သူ့ဦးနှောက်က ဝေဝါးနေတယ်။ သူ စားပွဲပေါ်က gaming helmet နဲ့ အတွင်းဘက်က သွေးကွက်ကိုတွေ့တော့မှ မနေ့ညက အိပ်မက်မဟုတ်ဘူးဆိုတာကို သူ သတိရသွားတယ်။
'ကစားသမားအသစ်မင်ရှင်တောင်မှ စောက်ရမ်းခက်နေတာ ဒီကနေ ပိုပြီးခက်ဖို့ပဲ ရှိတော့တယ်။ အဲ့ဒါက သေခြင်းတရားကို ဖိတ်ခေါ်တာမဟုတ်ဘူးဆိုရင် ဘာကြီးလဲ? ငါက ဟာသသရုပ်ဆောင်လေးတယောက်ပါပဲ။ ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာတောင် မသိဘူး။ အိမ်နီးနားချင်းအရူးတွေနဲ့ အဆောက်အဦးကြီးတခုလုံးကို ငါ ဘယ်လိုရင်ဆိုင်ရမှာလဲ?'

ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)Where stories live. Discover now