Unicode
"မဟုတ်ဘူးပေါ့။ အမေက ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်ခဲ့ဘူး"
မန်ချန်ရှိုက ယုံကြည်မှုအပြည့်နဲ့ပြောတယ်။
"အမေက လူသတ်သမားမဖြစ်နိုင်ဘူးလို့ ရင်ခွဲစစ်ဆေးသူကလည်း ကောက်ချက်ချတယ်။ ပြီးတော့ အဲ့ဒီနေ့မှာပဲ ငါ့အမေနဲ့ ငါ့သားလေးမန်ချန်က ပျောက်သွားတယ်"မန်ချောင်ရှိုက ဆိုဖာပေါ် မှီလိုက်တယ်။ သူက ဇာတ်လမ်းကို ပြန်ပြောနေရင်း သူ့မှာကျန်ရှိနေသေးတဲ့ ခွန်အားတွေအကုန်လုံး သူ့ခန္ဓာကိုယ်ကနေ ဆွဲထုတ်ခံလိုက်ရသလိုပါပဲ။ သူက ခက်ခက်ခဲခဲ ဆက်ပြောလေတယ်။
"ရက်အနည်းငယ်ကြာတော့ အအေးခန်းသယ်ယူပို့ဆောင်ရေး ထရပ်ကားရဲ့ ကုန်တင်ခန်းထဲမှာ အမေနဲ့ ချန်ချန်ကို ရဲတွေက ရှာတွေ့ခဲ့တယ်။ သူတို့ရဲ့ သေဆုံးနေတဲ့အနေအထားကနေ ငါ့အမေက ချန်ချန်ကို ခါးသီးတဲ့နောက်ဆုံးချိန်ထိတိုင်အောင် ကာကွယ်ပေးခဲ့တဲ့ပုံပဲ။ တနည်းပြောရရင် သူတို့နှစ်ယောက်ပြီးတဲ့နောက်မှာ တတိယလူရှိရမယ်။ တကယ့်လူသတ်သမားက အဲ့ဒီလူပဲ""အဘွားက လူသတ်သမားမဟုတ်ပေမယ့် တပတ်လုံးလုံး လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးပြီး တကယ့်လူသတ်သမားကို သူမ သိရမယ်။ သူမက အရမ်းအရမ်းရင်းနှီးတဲ့တယောက်ယောက်အတွက်သာ ဒါကို လုပ်ပေးခဲ့တာပဲ"
လီရွှယ်က အဓိကအချက်ကို အာရုံစိုက်လိုက်တယ်။
"ဦးလေးပြောသလောက်တော့ အဘွားက ကြင်နာတတ်တဲ့လူတယောက်ပဲ။ အဲ့လိုလူအတွက် ကျင့်ဝတ်ကိုပြောင်းလဲစေနိုင်တာက လူသတ်သမားဟာ သူမရဲ့အရင်းနှီးဆုံးမိသားစုဝင်မို့လို့ပဲ။ ဒီအမှုမှာ လူသတ်သမားက ဦးလေးတို့ညီအကိုတွေထဲကတယောက် အဖြစ်နိုင်ဆုံးပဲ""အဘွားက လူသတ်သမားကိုကူညီပြီး အလောင်းကို ဖွက်ထားပေးဖို့ ပူးပေါင်းခဲ့တာဆိုရင် နောက်ဆုံးမှာ လူသတ်သမားက ဘာလို့ သူမကို လိုက်နေရတာလဲ?"
ဟန်ဖေးက လီရွှယ်ကို နိဂုံးကို ခုန်ကျော်မသွားဖို့ အချက်ပြလိုက်တယ်။
"အဘွားက လူသတ်သမားကို ရဲဆီမှာ ကိုယ့်ဘာသာဝန်ခံဖို့ အခွင့်အရေးပေးထားတာလို့ ကျနော် ပိုပြီး ခံစားမိတယ်။ သူမက လူသတ်သမားကို အချိန် ၁ပတ်ပေးထားပေမယ့် သူမက လူသတ်သမားရဲ့အတွင်းက မကောင်းမှုဒုစရိုက်အတိမ်အနက်ကို လျှော့တွက်ထားခဲ့မိတာပဲ"
YOU ARE READING
ငါလေးရဲ့ကုသရေးဂိမ်း(ငါလေးရဲ့ကုသရေးဂိမ်း)
Gizem / GerilimName: My Iyashikei Game Author(s): I Can Fix Air-Conditioners 我会修空调 This is the authors of 'My House of Horror'. So some people say that this is a lot like MHoH. But this is a type of vr game. Associated name is My Healing Game. I hope you like it...