အကိုချက်ကျွေးတဲ့ညစာ

3.4K 368 15
                                    

Episode 2 (အကိုချက်ကျွေးတဲ့ညစာ)

နေ့တိုင်းစားရတဲ့ခပ်ငန်ငန်ဟင်းတွေကြောင့် သွေးတိုးရမယ်ဆိုရင်တောင် ကျွန်တော်စားနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်နေမကောင်းတဲ့အခါတိုင်းတော့ အနမ်းလေးတွေနဲ့ချော့ပေးရဖို့တော့ ဆရာပိစိမှာတာဝန်ရှိတယ်။

UNTITLED

ကျွန်တော်အဝတ်လဲပြီးပြန်ထွက်လာတော့ ဆရာဟာဧည့်ခန်းထဲ၌ရှိနေသည်။ လှမ်းခေါ်မလို့ပြင်ပြီးမှ နှုတ်ဖျားအာစေးမိသွား၏။ ဆိုဖာခရမ်းနုရောင်ပေါ်မှာထိုင်နေရင်း စာကြည့်နေသည့်ဆရာပေါက်စက ဘာမှမလုပ်ပဲနဲ့ကိုသူ့အားပြုစားထားသည်။ စတော်ဘယ်ရီသီးလေးကိုက်ထားရင်း စာကြည့်နေခဲ့တဲ့အပြင် တပ်ထားတဲ့မျက်မှန်ကိုပါပင့်ပင့်တင်နေခဲ့သေးတာများကွာ။

*ဂလု*

အသံထွက်အောင်ပင်ဂျောင်ကုတံတွေးမြိုချလိုက်မိလျက်သား။ မျက်စိရှေ့ကလူသားက သူ့ကိုသတ်နေတာအားမရဘူးထင်ပါ့။ လှုပ်တိလှုပ်တိဝါးနေခဲ့တဲ့နှုတ်ခမ်းဖျားမှာ ကိုက်ထားတဲ့စတော်ဘယ်ရီနီနီလေးကပါ စိတ်ကိုစမ်းသပ်နေသေးတယ်။

ကျေးဇူးပြုပြီး မစမ်းသပ်ပါနဲ့လား။ ကျွန်တော်မနည်းထိန်းချုပ်ထားရတာမို့ပါ။

"ဂျောင်ကု ပြီးရင်လည်းလာထိုင်လေ"

"ဟုတ်ကဲ့"

စာကြည့်တာပြီးသွားဟန်မို့ လှည့်ကာခေါ်၏။ မျက်ဝန်းလှလှတွေကို တစ်ထပ်ကာဆီးထားတဲ့မျက်မှန်တွေကို ဂျောင်ကုမကြိုက်ပါ။ ဒါပေမဲ့ ဒီမျက်မှန်လေးကတော့ချွင်းချက် ချစ်သည်။

မျက်မှန်တပ်ထားတာတောင်လှတယ်။ ကျွန်တော်ဆေးမမှီတော့လောက်အောင်ကိုလှတယ်။ တကယ်ရူးလောက်အောင်ကိုလှတယ်။

"ညီ အကို့ဘေးလာလေ အရှေ့မှာထိုင်နေတော့ မင်းစာကြည့်ရင်ဇောက်ထိုးကြီးဖြစ်နေမှာပေါ့"

စာကြည့်ဖို့အတွက်သာစိတ်ကိုပြင်ရင်း သွားထိုင်မိတာက အကိုနှင့်မျက်နှာချင်းဆိုင်။ ဟား အကိုရေ ကျွန်တော်လည်းအယောင်ယောင်မှားမှားဖြစ်ကုန်ပြီဗျ။

"ဒီပုစ္ဆာက မနှစ်ကမေးထားတာဆိုတော့...ကဲ ညီ အကိုကကိုက်စားမှာစိုးလို့လား"

UNTITLED 𐤀 [Completed]Where stories live. Discover now