Episode 8 (ကောင်းကောင်းအိပ်လိုက်ပါ အကို့ကလေး)
ပင်ပန်းလာတဲ့အခါတိုင်း ဒီပေါင်တံသွယ်သွယ်လေးတွေပေါ်မှာခေါင်းတင်ပြီး မှေးစက်ချင်တယ်။ မျက်လုံးဖွင့်လိုက်ချိန်တိုင်း ပြုံးနေတဲ့မျက်နှာလှလှလေးကိုသာမြင်နေရရင် လောကဓံဆိုတာကျွန်တော့်အတွက် ဆေးခါးလောက်တောင်မခါးသက်လောက်တော့ပါဘူး။
UNTITLED
"ဘယ်သူမှလည်းမရှိဘူးပဲ ဘယ်ရောက်သွားကြတာလဲ"
"ကျွန်တော်ဖုန်းခေါ်ကြည့်လိုက်ဦးမယ် ဆရာ အန်တီကြီး မေမေဘယ်သွားလဲ"
"ကျွန်မမသိဘူး အကိုလေး အပြင်ထွက်သွားကြတယ်"
"အန်တီကြီးကရော ဘယ်သွားမလို့လဲ"
"ဆရာကတော်က ဒီနေ့အိမ်ပြန်ဖို့မှာသွားလို့ပါ"
"အာ ဟုတ် ကျေးဇူးပါခင်ဗျ"
ထယ်ယောင်းနဲ့ဂျောင်ကုမွန်းလွဲပိုင်းထက်ကျော်နေပြီမို့ နေ့လည်စာတစ်ခုခုစားရန်အိမ်အောက်ဆင်းလာခဲ့တော့ မည်သူမှမတွေ့။ အိမ်တံခါးအပေါက်ဝရောက်နေသော အိမ်ထိန်းအန်တီကြီးကိုသာအထုတ်တစ်ထုတ်နှင့်တွေ့ရသည်။ မေမေနဲ့ဖေဖေ ဘယ်သွားသလဲမေးကြည့်တော့ အပြင်ထွက်သွားတယ် ဆိုရုံမှလွဲတခြားဘာမှမသိခဲ့ရ။
"ဂျောင်ကုဗိုက်ဆာနေပြီလား"
"အင်း ဆာနေပြီ ခဏနော် ဆရာ"
မြည်လာသောဖုန်းကြောင့်စကားပြောနေသောဆရာ့ကိုစကားစဖြတ်လိုက်ရင်း ဖုန်းကိုင်လိုက်တော့ တစ်ဖက်ကမေမေပင်။
"ဟယ်လို မေမေ ဘယ်ရောက်သွားတာလဲ"
"သားဖေဖေအရေးကြီးကိစ္စပေါ်လာလို့ မေမေတို့တစ်ညအိပ်ခရီးတိုထွက်လိုက်ရတယ် သား"
ဆိုးလ်မြို့၏တစ်ခုသောစျေးဝယ်စင်တာထဲမယ် အရှေ့မှဖုန်းပြောကာကြွကြွယွယွလမ်းလျှောက်နေသောအမျိုးသမီးကြီးတစ်ဦးနံဘေး အထုတ်တွေလက်နှစ်ဖက်နှင့်အပြည့်ဆွဲကာလိုက်နေသောလူကြီးတစ်ယောက်။
မထင်မှတ်သောသူ့မိန်းမ၏ပြောစကားကြောင့် မစ္စတာဂျွန်မျက်လုံးတွေပါပြူးသွားသည်။ဘယ်လိုဖြစ်လို့အလုပ်ကိစ္စကပေါ်လာရတာလဲ မိန်းမရေ။
"ယောကျ်ား ရှင်ငြိမ်ငြိမ်နေစမ်း"
ESTÁS LEYENDO
UNTITLED 𐤀 [Completed]
FanficUnicode & Zawgyi လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန်ရင်း အချစ်မျက်ဝန်းငယ်အားဖန်ဆင်းပေးပါ ဆရာထယ်...။ JeonJungKook & KimTaeHyung လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန...