ကျွန်တော့်ရဲ့အလွဲလွဲအမှားမှားများ

2.1K 240 21
                                    

Episode 10 (ကျွန်တော့်ရဲ့အလွဲလွဲအမှားမှားများ)

ဘောင်ခတ်ထားသောစည်း‌မျဉ်းများအားကျော်လွန်၍ အဓိပ္ပါယ်ခြားနားခဲ့သောမြတ်နိုးမှုတွေဟာ ဆရာထယ်တစ်ယောက်တည်းအတွက်သာ ဖြစ်တည်နေခဲ့ရပါတယ်။

UNTITLED

"သွားကြမယ် အကို"

"အင်း"

ထယ်ယောင်းဆိုဖာပေါ်မှာဖတ်လက်စစာအုပ်ဆက်ဖတ်နေတုန်း အသံလာရာကိုမော့ကြည့်မိတော့ လှေကားထစ်မှာအကျီလက်ပျော့လေးကိုခေါက်ရင်းဆင်းလာတဲ့သူ့ကလေး။ ရေချိုးပြီးပုံရတဲ့ကောင်လေးက အောက်ခံအကျီတစ်ထပ်ကို အပေါ်မှာဆွယ်တာနို့နှစ်ရောင်လေးထပ်ဝတ်ထားသည်။ လက်မှာပတ်ထားသောနာရီအနက် ၊ ဖုန်းကိုင်ထားသောဖြူဖွေးနေသောလက်ချောင်းရှည်တွေ၌ အကြောတွေထောင်သည်မို့စွဲမက်ဖွယ်ကောင်းပါ၏။

အဖြူရောင်ဘောင်းဘီရှည်နှင့်သန့်ပြန်နေသောဒီကောင်လေး မျက်စိရှေ့တင်အရွယ်ရောက်လာပြီပဲ။

"အိမ်တံခါးကိုသေချာသော့ခတ်ခဲ့ဦး"

အပြင်ကိုအရင်ထွက်သွားသောသူ့အကိုပေါက်စလေးမှာပါ၏။ ပေါ်လစ်တိုက်ထား၍ပြောင်နေသောကျွန်းတံခါးမကြီးကိုဂျောင်ကုသေချာlockချခဲ့ရင်း ကားသော့ယူကာထွက်လာခဲ့သည်။

ဂျောင်ကုတို့အိမ်ကြီးကသာမန်အဆင့်အတန်းတွေထက်ပိုသော စံအိမ်ကြီးအနွယ်ဝင်ဖြစ်သည်မလို့ ခြံဝန်းကြီးသည်လည်းကျယ်သည်။ ညနေခင်းလမ်းလျှောက်နိုင်ရန်အတွက်စီစဥ်ထားသောလျှောက်လမ်းမလည်းရှိသလို အိမ်၏နံဘေး၌လည်းပန်းဥယျာဥ်အသေးစားလေးရှိသေးသည်။ နေ့လည်နေ့ခင်းဘက်အအေးလေးသောက် စာအုပ်လေးဘာလေးဖတ်လို့ရအောင် ခြံထဲ၌နားနေရာပါရှိသေး၏။

"အကို ဘယ်မှာလဲ"

ကိုယ်ပိုင်လိုင်စင်ရနေပြီဖြစ်သောသူ့အတွက် ကိုယ်ပိုင်ကားတစ်စီးသည်မရှားလှ။ ပြောင်လက်နေသောအနက်ရောင်တန်ဖိုးကြီးကားတစ်စီးဆင်ဝင်အောက်မှာရပ်ထားသည်။ ရာသီဥတုသာယာနေသည်မို့အပေါ်အမိုးထပ်ဖွင့်လိုက်ရင်း ဘေးပတ်ဝန်းကျင်ကိုဟိုကြည့်ဒီကြည့်လုပ်လိုက်တော့ ဆရာထယ်၏အရိပ်အယောင်တောင်မတွေ့။

UNTITLED 𐤀 [Completed]Donde viven las historias. Descúbrelo ahora