Episode 17 (ဂျို့ထိုးစေသောတရားခံလေး)
အရှက်သည်းခြေကြီးတဲ့ဆရာပေါက်စလေးကိုစရတာလည်း feelingတစ်မျိုးပဲဗျို့။ ပါးပြင်လေးတွေရဲရဲတက်လာပြီး နှုတ်ခမ်းလေးဖိဖိကိုက်ထားတတ်တာ သိပ်အူယားဖို့ကောင်းတာ ခင်ဗျားတို့သိပါ့မလား။ ဒီနေ့လည်းကျရော တအစ်အစ်နဲ့ ဂျို့တွေပါထိုးကုန်တယ်ဗျ ဟားဟား။
UNTITLED
ဂျီမင်းမော့ကြည့်ကာထအော်သည်ကို ခပ်ပြုံးပြုံးပင်ကြည့်နေသောထိုလူကြီး။ အော်လိုက်မိသည့်အတွက် တခြားဝိုင်းမှကျောင်းသားတွေပါ သူတို့ဆီအကြည့်ရောက်လာသည်မို့ ထိုင်ခွင့်တောင်းနေသည်ကိုခေါင်းငြိမ့်ပြလိုက်သည်။ ဂျောင်ကုထားခဲ့သောထမင်းဗန်းကိုတစ်ဖက်ဆီတွန်းကာ မျက်နှာချင်းဆိုင်မှာဝင်ထိုင်သောဤလူသားသည် ခပ်တည်တည်ပင်။ တခြားဝိုင်းအလွတ်တွေရှိနေသော်လည်း ကြည့်ရတာ သူ့လိုပဲတစ်ယောက်တည်းမစားချင်၍ဖြစ်ရမယ်။
ဂျီမင်းရှေ့စထိုင်ကတည်းက ယူလာသောထမင်းကိုသာကြည့်၍စားနေသောထိုလူ့ကြောင့် သူ့မှာကြောင်တောင်တောင်နှင့်။ တစ်ခြားသူများစကားစမြည်ပြောနေကြပေမဲ့ သူတို့နှစ်ဦးကြားမှာတော့ လေထုကတိတ်ဆိတ်ရင်းတိတ်ဆိတ်မြဲသာ။ သူလည်းသူ့ထမင်းသူစားနေသလို ကိုယ်လည်းကိုယ့်ထမင်းကိုယ်စားနေရုံ။ ဟုတ်လည်းဟုတ်ပါတယ်။ စကားပြောလောက်ဖို့ကျလည်း ထိုဆရာဝန်နဲ့သူကသိပ်ခင်သည်လည်းမဟုတ်။
"ကျေးဇူးတင်ပါတယ်"
စားပြီးသွားပြီဖြစ်သောသူဟာ ပန်းကန်သိမ်းရင်း ကျေးဇူးတင်စကားဆိုလာသည်။ ထွက်သွားပြီဖြစ်သောထိုလူ့ကျောပြင်ကိုဂျီမင်းလှည့်မကြည့်ဖြစ်ခဲ့ပါ။ သူဘာအတွက်ကျေးဇူးတင်သွားမှန်းလည်းတွေးမရပါ။ ထမင်းတစ်လုပ်သာကောက်ဝါးလိုက်ရင်း စိတ်ထဲမှတ်ချက်ချလိုက်သည်က...
ဒီတစ်လောမှ ဘယ်လိုလူထူးလူဆန်းနဲ့တွေ့နေရတာလဲ ဟုပင်။
"ဆရာထယ်"
"ဂျောင်ကု ဒီကနေပဲတက်လာလာပြန်ပြီလား ချော်ကျမယ်လို့ဆရာခဏခဏပြောနေတယ်လေ"
"ဘာမှမဖြစ်ပါဘူး ဆရာကလည်း ကျွန်တော်အရင်ကလည်းဒီလိုပဲလာနေကျလေ"
YOU ARE READING
UNTITLED 𐤀 [Completed]
FanfictionUnicode & Zawgyi လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန်ရင်း အချစ်မျက်ဝန်းငယ်အားဖန်ဆင်းပေးပါ ဆရာထယ်...။ JeonJungKook & KimTaeHyung လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန...