ငယ်တုန်းက ကလေးလေးကိုမမေ့ခဲ့သည်

1.9K 243 6
                                    

Episode 12 (ငယ်တုန်းက ကလေးလေးကိုမမေ့ခဲ့သည်)

ဆရာတစ်ယောက်အဖြစ်ရွေးချယ်ခဲ့တာ မင်းကိုထိန်းသိမ်းစောင့်ရှောက်ပေးဖို့အတွက်ပဲ ကလေး။ ငယ်စဉ်တုန်းက ကလေးလေးကိုမမေ့ခဲ့တော့လည်း မင်းရဲ့ရင်ခွင်ထဲခိုနားဖို့ ဒီလမ်းကိုအကိုပျော်ပျော်ကြီးရွေးချယ်ခဲ့တယ်။

UNTITLED

"သားလေး ဖြေနိုင်ရဲ့လား"

"ဒီလိုပါပဲ မေမေတို့နားတာမဟုတ်ဘူး ခရီးသွားထားတာကို"

ဘောဘင်အိတ်ကိုစားပွဲခုံပေါ်ပစ်တင်ပြီး ထိုင်ခုံပေါ်မှီကာမျက်လုံးမှိတ်ထားတဲ့သူမသားလေး။ ပင်ပန်းနေပုံရတဲ့သားငယ်လေးကိုကြည့်ပြီး မစ္စဂျွန်တစ်ယောက်စိတ်မကောင်း။ ခင်ပွန်းဖြစ်သူကိုကြည့်မိတော့ သူလည်းသားလေးကိုသာကြည့်နေသည်။ ပညာရေးအတွက်တစ်ဖက်တစ်လမ်းပင်ပန်းနေတာသိပေမဲ့ တချို့သောအရာတွေကြောင့်လည်းမေမေ့သားလေးစိတ်ပင်ပန်းနေရောပေါ့ကွယ်။

နောင်ရေးစိတ်ချရဖို့အတွက်တစ်ခဏမှာစိတ်ပင်ပန်းရလိမ့်မယ် သား။ ဒါပေမဲ့လည်းအကောင်းဆုံးတောင့်ခံပြီးကျော်ဖြတ်လိုက်ပါ သားလေးရယ်။

"သားလေး ဘာစားချင်လဲ မေမေတို့ဘာဝယ်ပေးရမလဲ အားကစားပိုင်းကညနေမှစမှာမလား သား"

"ဟုတ်တယ် မေမေ နေ့လည်သုံးနာရီမှစမှာ သားဘာမှမစားချင်ဘူး ရေပဲသောက်ချင်တယ်"

"နားလိုက်ဦးနော် သား မေမေတို့အပြင်မှာရှိမယ် သားစားဖို့တစ်ခုခုပြင်ပေးမယ်နော်"

"ဟုတ်ကဲ့ မေမေ"

ရေဘူးကမ်းပေးလိုက်တော့သောက်ပြီး ပြတင်းပေါက်နားထိုင်ကာလေကောင်းလေသန့်ရှူနေသည်။ မစ္စဂျွန်တစ်ယောက် ခင်ပွန်းဖြစ်သူကိုအပြင်သို့ဆွဲခေါ်လာခဲ့သည်။ သားလေးစိတ်ပင်ပန်းနေတာ တစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေပါစေ။

"ယောကျ်ား ကျွန်မတို့တစ်ခုခုစီစဥ်ကြရအောင်"

"ဘာကိုလဲ မိန်းမ"

"ကျွန်မတွေးထားတာရှိတယ် နောက်တစ်ပတ်လောက်အကောင်အထည်ဖော်ရအောင် အခုတော့သားလေးစားဖို့နေ့လည်စာသွားဝယ်ကြမယ် လာ ကျွန်မနဲ့လိုက်ခဲ့"

UNTITLED 𐤀 [Completed]Donde viven las historias. Descúbrelo ahora