Episode 1 (ကျွန်တော့်ရဲ့ဆရာ)
ချစ်စရာကောင်းလွန်းတဲ့အရာလေးတွေဆီမှာ ပုရိသတွေကြွေတတ်တယ်ဆို ဒီလေးထောင့်ဆန်ဆန်အပြုံးလေးအပေါ်ကိုမှ ကျွန်တော်ကြွေချင်ပါတယ် ဆရာထယ်။
UNTITLED
"ဂျောင်ကုထတော့ ဆရာရောက်နေပြီ ဂျောင်ကု ဂျွန်ဂျောင်ကုရေ ထတော့ဟ"
စိတ်လွတ်လက်လွတ်အိပ်ပျော်နေခဲ့တဲ့ဂျောင်ကုဘေးနား ဆရာရောက်နေတာကြောင့် တစ်ခုခုဆူမှာစိုးလို့ဂျီမင်းလက်ကုတ်နှိုးနေသော်လည်း ဂျွန်ဂျောင်ကုကတော့ အဖက်ကိုမလုပ်ပေ။ ဟိုဘက်တောင်လှည့်အိပ်သွားသေးသည်။
"ဂျောင်ကုအိပ်နေတာလား"
သူ့ကိုစေ့စေ့ကြည့်ပြီးမေးလာတဲ့ဆရာ့မေးခွန်းတွေမှာ ဂျီမင်းအကြပ်ရိုက်လေပြီ။ ဒါကြောင့်မထူးမဲ့အတူတူ သွားကြီးသာဖြဲပြပြီး...
"ဟီး ဆရာထယ်ယောင်း ဂျောင်ကုကလေ ဟို..."
"ဆရာလာတာတောင်မသိတဲ့အထိ တော်တော်အိပ်ပျော်နေတာပဲ"
"ကျွန်တော်ချက်ချင်းနှိုးလိုက်..."
"နေနေ ဂျီမင်း ဂျောင်ကုပင်ပန်းနေတာခဏလောက်နားပါစေ ညနေမှဆရာပြန်သင်ပေးလိုက်မယ်"
"ဟုတ်...ဟုတ်ကဲ့ ဆရာ"
"သူလည်းဒီရက်တွေမှာပင်ပန်းထားတော့ ထားလိုက်ပါ ကျောင်းဆင်းခါနီးကျရင်တော့ ဂျီမင်းသူ့ကိုနှိုးလိုက် ပြီးရင်ဆရာ့ဆီလွှတ်လိုက်ဦး"
"ဟုတ်ကဲ့ပါ ဆရာ"
"ကဲ ကလေးတို့ ဒါဆိုဆရာတို့မနေ့ကမပြီးသေးတဲ့သင်ခန်းစာတွေစလိုက်ရအောင်"
"ဟုတ်ကဲ့"
ဆရာစာသင်နေတဲ့အချိန်တစ်လျှောက်လုံး ဆရာ့ကိုအားနာလို့ ဂျောင်ကုထမလားအထင်နဲ့ ဂျီမင်းတံတောင်နဲ့လှမ်းလှမ်းတွတ်ပေမဲ့ ဟိုကလုံးဝကိုမနိုး။ ဆရာစာရှင်းပြနေတုန်း တစ်ချက်အလစ် ဂျောင်ကုကိုလှမ်းရိုက်မလို့လှည့်ကြည့်ခါမှ...
အမလေးလေး ဘယ်လိုတောင်အိပ်ပျော်နေတာလဲ။ သားရေတွေပါကျနေသေးတယ်။
"ဒီနေ့အတွက်ဒီလောက်ဆိုရပါပြီ"
"ကျေးဇူးတင်ပါတယ် ဆရာ"
VOUS LISEZ
UNTITLED 𐤀 [Completed]
FanfictionUnicode & Zawgyi လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန်ရင်း အချစ်မျက်ဝန်းငယ်အားဖန်ဆင်းပေးပါ ဆရာထယ်...။ JeonJungKook & KimTaeHyung လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန...