Episode 19 (ဒေါက်တာမင်ရဲ့မိုချီလုံးလေး)
ကိုယ့်လက်ကနေအမြဲတမ်းထွက်ထွက်ပြေးနေတာ သိပ်ပျော်နေတာ မိုချီလုံးလေး။ အခုရော ကိုယ့်ရင်ခွင်ထဲကနေဘယ်လိုထွက်ပြေးဦးမှာလဲ ကိုယ်သိချင်နေပြီ မင်ဂျီမင်း။
UNTITLED
"ဆရာထယ်ရော"
"မင်းအိန္ဒြေလေးဘာလေးလည်းထိန်းဦး ဖြစ်ပျက်နေတာများမြင်လို့တောင်မကောင်းတော့ဘူး မင်းဆရာဟိုဘက်ကားမှာ လူတွေသွားစစ်ပေးနေတယ် တကယ်ပိုကိုပိုနေတယ် တောက်တဲ့လိုကောင်"
သူ့ကိုအတော်လေးအမြင်ကတ်နေသောဂျီမင်းရဲ့ပြောစကားကြောင့် ဂျောင်ကုအလုံးကြီးနင်သွားရသည်။ ဒီလတ်တလောသည်းခံပေးနေတဲ့သူ့သူငယ်ချင်းလေး အခုတော့ပေါက်ကွဲထွက်လာတာ ဟိုနေ့ကတည်းကပဲ။ပြောမဲ့သာပြောတာဗျ။ ဂျီမင်းက လူကောင်သာသေးတာ အားကတော့သန်သလားမမေးနဲ့။ တစ်နေ့က မင်းကိုငါမျက်စိတအားနောက်လာပြီဆိုပြီးဆံပင်ဆောင့်ဆွဲလိုက်ရတာ အခုထိဘီးဖီးလိုက်တိုင်း ဂျောင်ကုခေါင်းတွေကျိန်းနေတုန်း။
"အေးပါကွာ မင်းကလည်း ဟီးဟီး"
ထပ်ပြောရင်ထပ်ဆောင့်ဆွဲခံရမယ် ဆိုတဲ့အကြည့်နဲ့ကြည့်နေတဲ့ သူငယ်ချင်းအကောင်းစားလေးကြောင့် ဂျောင်ကုရယ်ပြပြီး သူ့ကားဆီပဲပြေးလာခဲ့သည်။ ဒီနေ့သူတို့ခရီးထွက်ရမည့်နေ့။ နေ့လည်ရောက်တော့မယ်။ အလုပ်တွေရှုပ်နေတဲ့သူ့ရဲ့ဆရာအူကြူးလေးကို မနက်ကတည်းကမတွေ့ရသေးလို့ ဂျောင်ကုမှာနေမရထမရ။ ဒါကိုဒီကောင်မသိဘူး။ အားမနာလျှာမကျိုး လောလောလတ်လတ်ပူပူနွေးနွေးချစ်သူလေးရထားတာကို ကိုယ်ချင်းစရာစိတ်မရှိတဲ့ကောင်။ ပတ်ဂျီပု မင်းအလှည့်ကျမှငါနဲ့တွေ့မယ်။
"ဂျောင်ကု"
"ဆရာ"
ကားကိုမှီကာတစ်ယောက်တည်းပွစိပွစိပြောနေတဲ့ချစ်သူလေးကြောင့် ထယ်ယောင်းကျောင်းသားတွေကို ဆရာနမ်ဂျွန်းတို့နဲ့အပ်ထားရင်း ထွက်လာခဲ့သည်။ ဂျီမင်းလေးလာပြောသလိုပါပဲ။ တကယ်လည်းသူ့ကလေးကမျက်နှာလေးဆူပုတ်ပြီးလက်ကြီးပိုက်ထားသေးတာ။ ဘာတွေပြောနေမှန်းလဲမကြားရ။
YOU ARE READING
UNTITLED 𐤀 [Completed]
FanfictionUnicode & Zawgyi လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန်ရင်း အချစ်မျက်ဝန်းငယ်အားဖန်ဆင်းပေးပါ ဆရာထယ်...။ JeonJungKook & KimTaeHyung လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန...