ချစ်သူ့အတွက်ငှက်သိုက်ရည်

2K 248 5
                                    

Episode 11 (ချစ်သူ့အတွက်ငှက်သိုက်ရည်)

ဆရာကိုယ်တိုင်ပြုတ်ထားတဲ့ဒီငှက်သိုက်ရည်ကိုသောက်ပြီးချိန် ၊ ဆရာ့ဆီကအနမ်းတစ်ခုရချိန် ကျွန်တော့်ရင်ထဲနွေးထွေးသွားခဲ့တယ်။ ဆရာ ကျွန်တော်အချစ်ဆီမှာစုံလုံးကမ်းလို့ရမယ်မလားဟင်။

UNTITLED

"ဂျောင်ကု ခဏ အဟွတ်အဟွတ်"

အပြန်လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေတဲ့လေထုကသာကြီးစိုးခဲ့သည်။ ကားမောင်းနေခဲ့သောကောင်လေးမျက်နှာတည်နေခဲ့သလို ဘေးနားမှသူကိုယ်တိုင်လည်းဒီခံစားချက်ကြီးကိုသိပ်သဘောမကျလှ။

အခုဂျောင်ကုတို့အိမ်ရောက်တော့လည်း အိမ်ထဲဝင်ဝင်ချင်းအပေါ်တက်ဖို့လှမ်းပြင်နေသည်။ မျက်မှောင်ကြုံ့လိုက်မိကာ လှေကားထစ်ပထမထစ်ရောက်နေပြီဖြစ်တဲ့ညီ့ကို ထယ်ယောင်းလှမ်းခေါ်ရင်း...

"အဆင်ပြေရဲ့လား"

"ဟင့်အင်း မပြေဘူး"

"ဘာဖြစ်တာလဲ နေမကောင်းဘူးလား ကလေး"

သူ့ထက်လူကောင်ထွားသောကောင်လေးက လှေထားထစ်တစ်ထစ်အမြင့်အပေါ်မှာရပ်နေသည့်အတွက် နှဖူးကိုလက်မြှောက်ကာတိုင်းရ၏။ ပူနေခြင်းမရှိပေမဲ့ပြိုတော့မဲ့မိုးလိုဖြစ်နေသည့်မျက်နှာလေးကြောင့် ထယ်ယောင်းစိတ်ပူရသည်။

မနက်ဖြန်ပဲပြိုင်ပွဲစတော့မည်။ အားလုံးအဆင်ပြေပြီးမှ အခုမှရုတ်တရက်ကြီးဘယ်လိုဖြစ်ရတာလဲကွယ်။

"ကျွန်တော့်ရင်ဘတ်တွေနာနေသလိုပဲ အကို"

"ဟင် တစ်ခုခုနဲ့များခိုက်မိထားတာလား ဘယ်လိုဖြစ်တာလဲ ဂျောင်ကု အကိုဆေးလိမ်းပေးရမလား"

ပါးပြင်ပေါ်ထိကာမေးလာသည့်ဆရာထယ်လေးလက်ကို ဂျောင်ကုဆုပ်ကိုင်ကာမျက်လုံးလေးမှိတ်ရင်းခပ်တိုးတိုးဆိုမိသည်။ မဟုတ်ဘူး ဆရာ။ ပြင်ပဒဏ်ရာတွေကြောင့်နာနေတာမဟုတ်ဘူး။ ဒီအတိုင်းအကြောင်းအရာလေးတစ်ခုကြောင့် ကျွန်တော့်စိတ်ထဲကနာကျင်နေမိတာ။

"ဟင့်အင်း ရပါတယ် ကျွန်တော်ဒီညစာမလုပ်ချင်တော့ဘူး ဆရာ အပေါ်တက်နားချင်ပြီ အိပ်ချင်တယ်"

UNTITLED 𐤀 [Completed]Donde viven las historias. Descúbrelo ahora