Episode 15 (မရိုးနိုင်သည့်ချစ်စကားတစ်ခွန်း)
ရင်ခုန်သံကြိမ်နှုန်းတွေနဲ့ အကို့မျက်နှာကိုငေးကြည့်တိုင်း မင်းမျက်လုံးဝိုင်းဝိုင်းလေးတွေထဲအချစ်စိတ်ကိုမြင်ရတယ်။ သိပ်ချစ်ကြောင်းလည်း မင်းခဏခဏပြောပေမဲ့ ဒီချစ်စကားများက အကို့အတွက်မရိုးသွားခဲ့ပါဘူး ကလေးငယ်။
UNTITLED
"အကိုကိုယ်ပူနေတယ်လေ ခြုံထား"
"ဟီး အင်းအင်း"
မနက်ခင်းထမင်းစားဖို့ပြင်ပေးထားသည်ကို အားရပါးရစားနေသော အကိုကြောင့်ဂျောင်ကုအရှေ့မှထိုင်ကြည့်နေဖြစ်သည်။ အာရုံထားမိသည်ကတော့ လှုပ်တိလှူပ်တိဝါးနေသောပါးလုံးလေးနဲ့နှုတ်ခမ်းဆူဆူလေးဆိုတာ ပြောစရာလိုလောက်မယ်မထင်ဘူး။
အကိုကိုင်ထားသည့်ထမင်းခပ်ထားသောဇွန်းအပေါ် ကညွတ်တစ်ဖပ်တူဖြင့်ယူကာတင်ပေးလိုက်ပြီး....
"ကညွတ်လည်းစားမှရမယ်နော်"
"စားမယ်"
အရသာရှိရှိမြိန်ရေရှက်ရေစားနေတဲ့ကောင်လေးကို ဂျောင်ကုကြည့်နေရရုံနဲ့တင်ဗိုက်ပြည့်ပါသညါ။ ထမင်းတစ်ပန်းကန်လုံးကုန်အောင်စားပြီးတဲ့အခါ ဗိုက်တင်းသွားသောကောင်လေးက ဗိုက်လေးကိုပုတ်ပြပြီးခုံအနောက်ကိုအနည်းငယ်မှီသွား၏။
"ရှေ့ကိုတိုး အကို"
"ဘာဖြစ်လို့လဲ ညီ"
ဂျောင်ကုလက်ဆန့်ထုတ်ကာအကို့ကိုခေါ်တော့ အရှေ့ဘက်သူ့အနားကိုင်းလာသည်။ စားပွဲတစ်လုံးကြားခံ၍မျက်နှာချင်းဆိုင်ထိုင်နေကြခြင်းဖြစ်သည့်အတွက် ဂျောင်ကုအနေနဲ့အကို့အနားရောက်အောင်မှီဖို့ဆိုတာ သူ့လက်တစ်ဖက်ဆန့်ထုတ်မှရမည်။
"ပါးစပ်မှာပေနေလို့"
ကညွတ်ကြော်မှဆီပေနေ၍ ပြောင်လက်လက်လေးဖြစ်နေသောနှုတ်ခမ်းလေးကိုလက်ဖြင့်ဖိကာသုတ်ပေးတဲ့အထိ အကိုကတော့သူ့ကိုပြူးကြောင်ကြောင်လေးကြည့်နေတုန်း။ ဂျောင်ကုပါးစပ်နားတေ့ကာ လက်မဆီပေလာတဲ့ဆီတစ်ချို့ကိုစုပ်လိုက်သည်။
သူ့အပြုအမူကြောင့် ချက်ချင်းရဲသွားတဲ့မျက်စိရှေ့မှအကို့ပါးပြင်။ စားပွဲပေါ်ရှိနေသောလက်ကလေးတွန့်သွားသလို ညကတည်းကအဖျားရှိနေခဲ့တာမလို့နှာထိပ်လေးတွေရဲနေခဲ့တာ အခုတော့နားရွက်ဖျားလေးတွေရော လက်ထိပ်ဖျားလေးတွေပါရဲနေလေပြီ။
YOU ARE READING
UNTITLED 𐤀 [Completed]
FanfictionUnicode & Zawgyi လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန်ရင်း အချစ်မျက်ဝန်းငယ်အားဖန်ဆင်းပေးပါ ဆရာထယ်...။ JeonJungKook & KimTaeHyung လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန...