နှာခေါင်းသွေးလျှံခဲ့ရသောအဖြစ်

2K 203 3
                                    

Episode 16 (နှာခေါင်းသွေးလျှံခဲ့သောအဖြစ်)

ဘာမှမသိတဲ့ဆရာအလှလေး အကျီချွတ်ပေးတာ ဆေးလိမ်းဖို့အတွက်သဘောရိုးဆိုသော်လည်း ဆေးပူကြီးလက်မှာကိုင်ပြီး နှာခေါင်းသွေးတွေတတောက်တောက်ကျလာတဲ့ကျွန်တော့်အဖြစ်ကတော့ မသက်သာလှဘူး။

UNTITLED

"ဆရာနမ်ဂျွန်း ကျွန်တော့်ကိုဝင်ခွင့်ပြုပါခင်ဗျ"

"အေး ဝင်လာခဲ့လေ"

"ဟုတ်ကဲ့"

နားချိန်မှာဆရာများရုံးခန်းဆီ ဂျီမင်းထွက်လာခဲ့သည်။ ဆရာထယ်ယောင်းအကြောင်းအသိပေးဖို့ရော သူစာမေးချင်သည့်အတွက်ပါပါသည်။ စာအုပ်ထူတစ်အုပ်ကိုင်ကာ...

"ဆရာ ဆရာထယ်ယောင်းကနေမကောင်းလို့ဒီနေ့တစ်ရက်ကျောင်းမလာတာပါ"

"ထယ်ယောင်းနေမကောင်းဘူးလား အဲ့တာကြောင့်ဆရာ့ဖုန်းမဖြေတာထင်တယ်"

"ဟုတ်ကဲ့ ဆရာ အဲ့တာကျွန်တော်လာပြောတာပါ ဂျောင်ကုလည်းဒီနေ့တစ်ရက်ခွင့်ယူပါတယ်"

"ဟုတ်ပြီ ဆရာပြောထားလိုက်ပါ့မယ်"

"ကျေးဇူးပါ ဆရာ ဒါနဲ့ကျွန်တော့်ကိုဒီစာလေးဘာသာပြန်ပြီးရှင်းပြပေးလို့ရမလား"

"ယူခဲ့လေ"

"ဟုတ်ကဲ့ ဆရာ"

ဂျီမင်းသိချင်သည့် English Historical Novelတစ်ခုကို ဆရာနမ်ဂျွန်းကိုရှင်းပြခိုင်းခဲ့သည်။ စာကြည့်တိုက်မှာစာသွားလုပ်တုန်းက သူ့စားပွဲပေါ်မှာဘယ်သူထားခဲ့လည်းမသိသောစာအုပ်ရှိ​နေသည့်အတွက် ဂျီမင်းပြန်သိမ်းဖို့လုပ်ခဲ့ရာမှ ဖတ်ကြည့်မိလိုက်တာစိတ်ဝင်စားသွားခဲ့သည်။

1960ပြည့်နှစ်လောက်ကအနောက်နိုင်ငံတစ်ခုရဲ့သိပ်မထင်ရှားသောစစ်ပွဲအကြောင်းရေးထားသောစာအုပ်တစ်အုပ်ပင်။ ပို၍စိတ်ဝင်စားစရာကောင်းတာက ထိုစစ်ပွဲသည် တခြားစစ်ပွဲတွေအကြားနာမည်မကျော်ကြား​ခြင်းဖြစ်သလို တခြားသောအကြောင်းအရာဖြင့်နာမည်ကျော်ကြားသည်။

"ဒါကအဓိကကတော့ စစ်ဗိုလ်ချုပ်ကြီးနဲ့သာမန်အရပ်သားလေးတို့ကြားက သံယောဇဥ်တစ်ခုကိုရုပ်လုံးကြွအောင်ရေးပြထားတာ ဒီမှာ ကျွန်တော်ပြန်လာခဲ့မယ် ဆိုတဲ့စကားတွေ့တယ်မလား"

UNTITLED 𐤀 [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ