Episode 18 (လရောင်အောက်မှာဝန်ခံသောချစ်ခြင်း)
ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားကိုပြောပြပါဆို ဒီလရောင်ဖြာတဲ့ညမှာရှိနေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လက်ညှိုးထိမိမယ်ထင်တယ်။ ကျွန်တော့်ရဲ့အချစ်ကလေးက အဖြေပြန်ပေးပြီဖြစ်တဲ့အပြင်ကို အသံဩဩလေးကခေါ်တာ မောင် တဲ့လေ။
UNTITLED
"ဂျောင်ကုရေ ဒီစာကလေဘယ်နားမှာဖြတ်ဖို့ဆရာမှာသွားတာလဲ ဟေ့ကောင် ဂျောင်ကု"
မိခင်ဘာသာမှာအပုဒ်ရှည်မေးခွန်းတွေကို ဆရာပြောသွားခဲ့ပေမဲ့ နှစ်ပုဒ်လောက်မမှီသွားသည်မို့ ဂျောင်ကုကိုဂျီမင်းမေးနေခဲ့လည်း ဘေးနားကကောင်ကပိုဆိုးနေတယ်။ ဂျီမင်းစိတ်ကိုပျက်သွားသည်။ ဆရာပြောသွားတာလည်းလိုက်ကောမှတ်ထားရဲ့လားမသိ။ မခုလည်းမေးကြီးထောက်ပြီးတစ်ယောက်တည်းဖြီးနေလိုက်တာများ သွားတိုက်ဆေးကြော်ညာနေတဲ့သူလိုလို။
ဒီကောင်တော့ တစ်ယောက်တည်းစပ်ဖြီးဖြီးနဲ့။ ဘေးနားကနေစာအုပ်ကြီးကိုင်ပြီးကြည့်နေရတဲ့ငါက သောက်ရူးကြီးကျလို့!
"ဂျွန်ဂျောင်ကု! ဟဲ့ကောင်!"
"အားလားလား နာတယ်ဟ ပတ်ဂျီပု ငါ့ကိုဘာလို့ရိုက်တာလဲ"
"မင်းကြီးဒေါ်ကိုပတ်ဂျီပု မင်းအတန်းပိုင်ပြောသွားတာတွေတစ်ပုဒ်မှလိုက်မမှတ်ထားဘူးလား"
ဖွင့်ထားတဲ့ဂျောင်ကုစာအုပ်ကို ဂျီမင်းယူကြည့်တော့ အခုလေးတင်ပြောသွားတဲ့စာတစ်ပုဒ်မှအဖြတ်အတောက်မှတွေမရှိ။ အပေါ်မျက်နှာကျက်ကိုပဲကြည့်ပြီးပြုံးလိုက် ခေါင်းကြီးငုံ့ပြီးပြုံးလိုက်နဲ့ဂေါက်နေတာလား။ ဒေါသထွက်ထွက်နဲ့လက်မောင်းကိုတဖြန်းဖြန်းရိုက်ပစိလိုက်တော့လည်း ခဏပဲမျက်နှာမဲ့သွားပြီး အခုကျစပ်ဖြီးဖြီးပြန်ဖြစ်သွားပြန်တယ်။ မျက်နှာပိုးကအချိုးမပြေ။
"ဟမ် ဆရာပြောသွားတာလား"
"မင်းမသိလိုက်ဘူးလား"
"ငါဆရာထယ်လေးမျက်နှာမြင်ယောင်နေတာ ဆရာဝင်သွားမှန်းတောင်မသိလိုက်ဘူး ဟီး မင်းသိလား ဆရာထယ်လေးကလေ အရမ်းလှလာတာကွာ ငါစိတ်မချချင်တော့ဘူး တခြားသူတွေသာပေါ်လာရင်ငါရင်ကွဲရမှာ ဂျီမင်းရ ငါ့အဖြစ်လေးကလည်းသနားစရာလေးပါကွာ"
STAI LEGGENDO
UNTITLED 𐤀 [Completed]
FanfictionUnicode & Zawgyi လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန်ရင်း အချစ်မျက်ဝန်းငယ်အားဖန်ဆင်းပေးပါ ဆရာထယ်...။ JeonJungKook & KimTaeHyung လရောင်အောက်ကကြာပွင့်ငယ်လိုမျိုး လရောင်အောက်မှာပဲ ကျွန်တော့်ရင်ခုန်သံကိုတုံ့ပြန...