ညဦး၏လမင်းအောက် ပထမဆုံးအတူရှိခြင်း

2.4K 235 74
                                    

Episode 23 (ညဦး၏လမင်းအောက် ပထမဆုံးအတူရှိခြင်း)

အချစ်များနှင့်ပြည့်လျှံခဲ့သော ဒီခရီးစဉ်လေးက သိပ်‌ပျော်ဖို့ကောင်းပါတယ်။ မောင်ရယ် ထယ်ရယ် ၊ ဟိုကောင်ဂျီမင်းရယ် သူ့လူကြီးရယ်နဲ့ လတ်လတ်ဆတ်ဆတ်အတွဲနှစ်တွဲအတွက်ကတော့ ပိုထူးခြားခဲ့တယ်ပေါ့ဗျာ။

UNTITLED

တစ်နေ့တာကုန်ဆုံးလာခဲ့ပြီ။ အပြာရောင်ကောင်းကင်ကြီးအနက်ရောင်ပြောင်းသွားရင်း အဖြူရောင်တိမ်ငွေ့လေးတွေပျောက်ကွယ်ကုန်သည်။ တစစတက်လာတဲ့လမင်းကြီး အမြင့်ဆုံးဟိုးကောင်းကင်ထဲ​မရှိချိန် ညအချိန်အေးစက်လုသည်။

အချိန်ဟာ ညဆယ်နာရီဝန်းကျင်ကျော်ခဲ့လေပြီ။ တစ်နေ့တာလုံးပင်ပန်းခဲ့ကြသောကျောင်းသားကျောင်းသူများနဲ့ ဆရာဆရာမများ ညစာထမင်းစားပြီးကတည်းက အိပ်ခန်းအဆောင်ကိုယ်စီဝင်သွားကြခဲ့သည်။ ဖုန်းသုံးသူသုံး Gameဆော့သူများဆော့ကြမှာပေါ့လေ။

ထယ်ယောင်းမေမေတို့နဲ့စကားပြောပြီးနားတော့ ပင်ပန်းလို့အိပ်ရာထဲလှဲနေလည်း အိပ်မပျော်။ လှမ်းကြည့်လိုက်တဲ့ကာရံထားတဲ့တစ်ဖက်အခန်းက ကလေးကတော့အိပ်ပျော်နေပြီထင်သည်။ တရှူးရှူးအသံရှူသံတွေကြားနေရသည်။

အင်းပေါ့ ကားမောင်းလာရတော့လည်း ကလေးလည်းပင်ပန်းလို့အိပ်ပျော်သွားလောက်ပြီလေ။ အခုက သူပဲမျက်လုံးကြောင်နေတာ။

"အပြင်ခဏထွက်ဦးမှပဲ"

အိပ်ရာထဲဟိုလှိမ့်ဒီလှိမ့်လုပ်နေခဲ့တာကြာပြီမို့ အိပ်မပျော်မဲ့အတူတူ ထယ်ယောင်းလက်ကိုင်မီးအိမ်လေးယူကာ အပြင်ဘက်ထွက်လာခဲ့သည်။ ရိုးရာညအိပ်ဝတ်စုံအဖြူရောင်လေးနဲ့မျက်မှန်လေးဖြင့်ကောင်လေး အနက်ရောင်ကောင်းကင်ကြီးအောက်တွင် တစ်ယောက်တည်း။ မှုန်ဖျဖျမီးရောင်လေးတွေကြားမှာ အစိမ်းရင့်ရောင်မီးပိုးကောင်လေးတွေကို သစ်ပင်ချုံပုတ်လေးတွေကြားမှာ ထယ်ယောင်းမြင်တွေ့နေရသည်။

"အေးတယ်"

အနည်းငယ်အေးစိမ့်စိမ့်ဖြစ်လာပေမဲ့ မအိပ်ချင်သေးတာမို့ မီးပုံးလေးကိုင်ရင်းပင် အနီးနားကလမ်းတစ်လျှောက် လမ်းလျှောက်ထွက်ဖြစ်ခဲ့သည်။ ကောင်းကင်မည်းကြီးထဲမှာတစ်ခုတည်းသောသာနေသည့်လမင်းက တောက်ပနေ၏။

UNTITLED 𐤀 [Completed]Where stories live. Discover now