(5)

1.6K 279 32
                                    

[Unicode]

I'm tripping and I could not get over
ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား…

I feelin' lucky, like a four leaf clover
လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့…

thinking what, it could be You & Me .
စဉ်းစားကြည့်ပါဦး…  အဲ့တာ မင်းနဲ့ငါပဲ မဟုတ်လား ။

…………

ဂျက်ဆင်ဗေးလ်၏ သာမာန်ညနေခင်းတစ်ခု ဖြစ်သည်။ နေရောင်ခြည်ကြောင့် မြင်မြင်ရာက ရွှေရောင်တောက်နေသည်။

ဝယ်လင်တန်ကျောင်းရှိရာ ဝယ်လန်တန်ရပ်ကွက်က ကုန်းမြင့်မြင့်လေးပေါ်တွင်ရှိသည်။ ရပ်ကွက်အဝင်အထွက်မှာခပ်ပြေ ပြေကုန်းလျောလေးကို ဖောက်ထားသော လမ်းကလေးတစ်လမ်းသာဖြစ်သည်။
လမ်းကလေးတလျောက် အယ်လ်ဖာ နှင့် အိုမီဂါ စုံတွဲတစ်တွဲ ဆင်းလာသည် ။ ကျောပိုးအိတ်များလွယ်ထားပြီး ဝယ်လင်တန်ကျောင်း၏ တူညီဝတ်စုံကိုဝတ်ထားသောကြောင့် ကျောင်းသားများဟု သိရစေသည်။ XLဆိုဒ်အယ်လ်ဖာက Smallဆိုဒ်အိုမီဂါ၏ လက်များကို မလွတ်တမ်းတွဲကာ ခပ်တင်းတင်းဆုတ်ကိုင်ထားသည်။

" စီနီယာရယ်… လက်တွဲထားဖို့ထိ မလိုဘူးလေ …  "

" တွဲချင်လို့တွဲတာလေ…  "

ဘီလီလေးမှာ ဆုတ်မိကတည်းကမလွတ်တော့သောလက်ထဲမှကြိုးစားသော်ငြား မရုန်းနိုင်ရှာ။ လိုက်ပို့မယ် ပြောတုန်းက အငမ်းလွန်ပြီး မငြင်းလိုက်မိသော ကိုယ့်ကိုကိုယ်သာ ရိုက်နှက်ဆုံးမရုံရှိတော့သည်။

"လွတ်ပါတော့ဗျာ… ရှေ့နားဆို ကျနော့်အိမ်ရောက်ပါပြီ… "

အမှန်တော့ ဘီလီနေထိုင်သော ရပ်ကွက်လေးနှင့် ဝယ်လင်တန်ရက်ကွက်က ဘတ်စ်ကားမှတ်တိုင်ရှစ်ခုစာဝေးသည်။ ဘတ်စ်ကားမှတ်တိုင်နှစ်ခုကြားက မိုင်ဝက်ကွာဝေးသည်ဆိုတော့ ၄မိုင်ကျော် လိုသေးသည်။

"အော်… မင်းက ဒီမှာနေတာလား…… "

သူက ရပ်ကွက်အောက်ခြေမှအဆောက်အအုံတစ်ခုကို လက်ညိုးထိုးပြသည် ။ ဘီလီ ပြီးပြီးရော ခေါင်းငြိမ့်ပြလိုက်တော့ သူက ရယ်ကျဲကျဲနှင့် ပြောလာသည် ။

You & Me : Alpha & Omega (COMPLETED)Место, где живут истории. Откройте их для себя