[Unicode]
I'm tripping and I could not get over
ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား…I feelin' lucky, like a four leaf clover
လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့…thinking what, it could be You & Me .
စဉ်းစားကြည့်ပါဦး… အဲ့တာ မင်းနဲ့ငါပဲ မဟုတ်လား ။……………………
ဂျက်ဆင်ဗေးလ်မြို့… ဖလော်ရီဒါပြည်နယ် ။
ဝယ်လင်တန်အစိုးရအထက်တန်းကျောင်း ။လွန်ခဲ့သော ကိုးနှစ်က ဖြစ်သည် ။
ခေတ်တွေ စနစ်တွေ မည်မျှပင်ပြောင်းပါစေ … ရည်းစားလုခြင်း ဟူသည် ဆယ်ကျော်သက်အရွယ် ထက်တန်းကျောင်းသားအချင်းချင်းဖြစ်လေ့ရှိသောပြဿနာတစ်ခုသာ ဖြစ်နေသေးသည် ။
ရည်းစားလုဖက်အုပ်စုနှစ်စု ခေါင်မိုးထပ်တွင် ထိပ်တိုက်တွေ့ကြလေသည် ။
*ဟျောင့်…… မင်းက ဘာလဲ… *
*မင်းကကော ဘာလဲ……*
နှစ်ဖက် အုပ်စုအသီးသီးမှ အယ်လ်ဖာများက Auraထုတ်ကြသည် ။ ဘီတာများက ဝင်ယောင်သည် ။ ဟန်ရေးပြနေသောအခြေအနေတစ်ခုလုံးက ဗရုတ်သုတ်ခဆန်လွန်းနေချိန်… ။
*ရိုက်မှာဖြင့် ရိုက်ကြလေကွာ … *
ပျင်းတိပျင်းရွဲအသံက အခြေအနေတစ်ခုလုံးက်ို ခေတ္တငြိမ်ကျသွားစေသည် ။ ပြောလိုက်သော ထိုအသံက နှစ်ဖက်လုံးနှင့် မသက်ဆိုင်ပါချေ။
သြရှရှအသံထဲက Auraက နှစ်ဖက်လုံးမှ လူတိုင်းကို ကျောခမ်းသွားစေသည် ။ ဒီအယ်လ်ဖာ၏ ခွန်အားသည် အမြင့်ဆုံးအခြေအနေတွင် ဖြစ်လိမ့်မည် ။*မင်းတို့ မရိုက်ကြဘူးလား… အိုကေ…… *
အသံထွက်လာသော အမိုးစွန်းထောင့်တစ်နေရာဆီသို့ အားလုံး အကြည့်ရောက်မိသည် ။ ခြေပစ်လက်ပစ်ထိုင်နေသော လူတယောက်၏ ကျောချမ်းဖွယ်အပြုံးကို သူတို့တွေ့လိုက်သည်။
* ဒါဆို ငါ ရိုက်ပေးမယ်…… *
ရုတ်တရက်ကျလာသော လက်သီးပျံ ဒူးပျံ တံတောင်ပျံများအောက်တွင် နှစ်ဖက်လုံး ပျံဝဲကုန်ကြသည်။ ဘဝက ရုတ်တရက် အိန္ဒိယရုပ်ရှင် ဆန်သွားလေတော့သည် ။
أنت تقرأ
You & Me : Alpha & Omega (COMPLETED)