(Unicode)
I'm tripping and I could not get over
ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား…I feelin' lucky, like a four leaf clover
လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့…thinking what, it could be You & Me .
စဉ်းစားကြည့်ပါဦး… အဲ့တာ မင်းနဲ့ငါပဲ မဟုတ်လား ။.…………
ကျောင်းစာမေးပွဲများ မကြာခင် စတင်တော့မည်ဖြစ်သည် ။
ကျောင်းသူကျောင်းသားများကို ဆရာများက ကျပ်မတ်ကာ စာလုပ်ချိန်များပေးနေကြပေပြီ ။ အထက်တန်းပထမနှစ် တန်းခွဲ C တွင်ဖြစ်သည် ။ ဘီလီ ကျောင်းသားဘဝက တက်ခဲ့ရသောအတန်းတွင်ပငါ ဘီလီ ပြန်ထိုင်ဖြစ်သည် ။
" အားလုံးပဲ စာလုပ်ကြ… "
ကျောင်းသူများသည် ဘီလီ့မျက်နှာတည်တည်လေးကို တချက်မော့ကြည့်ကာ ပြန်ငုံ့သွားကြသည် ။ ဖတ်လက်စ စာအုပ်ထဲသို့ ဘီလီ စိတ်ကို နှစ်ထားလိုက်သည် ။
" ဆရာဗြောင် … "
" ဘာလဲ… "
" ဆရာပါကင်းစ် ရောက်နေပါတယ်… "
" ဘာတဲ့လဲ… "
ကျောင်းသားများက အတန်းနောက်သို့ လှည့်ကြည့်သည် ။ ကုတ်ကုတ်လေးရပ်နေသော အယ်လ်ဖာကြီးကို တွေ့ရသည် ။ အတန်းရှေ့သို့ ပြန်လှည့်လာသည် ။ မျက်နှာမာမာနှင့် စာအုပ်ထဲနစ်ဝင်တော့မတတ် စာဖတ်နေသော အိုမယ်ဂါလေးကို တွေ့လိုက်ရသည်။
ဆရာနှစ်ယောက်ကြားတွင် ရွေးခြယ်စရာမရှိသည့်အဆုံး ကျောင်းသားများ အသံကုန်နီးပါးဟစ်အော်လိုက်ကြသည် ။
"" ဘေဘီရေ …နေ့လည်စာစားကြမယ် … တဲ့!!!! ""
………………
" ဘေဘီ… ကိုယ်… "
" မကြားချင်ဘူး!! "
စိတ်ကောက်ပြေခြင်း အလျင်းမရှိသော ပုသေးသေးဆရာဘီလီ၏ ရှေ့တွင် ရှည်မျောမျော ဆရာလိုအီသည် ကုပ်ကုပ်လေးရပ်နေသည်။ လိုအီသည် သူ့မိတ်ဖက်ကလေး၏ လှပသောမျက်နှာသေးသေးလေးကို ငုံ့ကြည့်ရင်း တိတ်ဆိတ်စွာပြုံးလိုက်သည်။
" ကိုယ့်ကို ဘယ်လောက်ထိ ရူးစေချင်တာလဲ ကလေးရယ်… "
ဒီကလေးကတော့ လွန်ခဲ့သောကိုးနှစ်လုံးလုံး သူ့ကို ပစ်ထားခဲ့သည်ဟု ထင်နေပါလိမ့်မည် ။ တကယ်တမ်းတော့ ကိုးနှစ်တာကာလကို လူစီယန်မှတဆင့်ဖြစ်စေ ရံဖန်ရံခါ သူကိုယ်တိုင်ဖြစ်စေ ဒီကလေးကို စောင့်ကြည့်ရင်း ဖြတ်ကျော်ခဲ့တာသာ ဖြစ်သည် ။ ကျောင်းဆရာအလုပ်ကို သူ ရွေးခြယ်ခဲ့ရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာလည်း ဒီကလေးလေးသာ ဖြစ်ပါသည် ။
ဒါကို ဒီကလေးလေး သိပါစ … ။
ESTÁS LEYENDO
You & Me : Alpha & Omega (COMPLETED)
FanficI'm tripping and I could not get over ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား... I feelin' lucky, like a four leaf clover လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့... thinking what, it could be You & Me . စဉ်းစားကြည့်ပါဦး... အဲ့တ...