(10)

1K 172 10
                                    

( Unicode )

I'm tripping and I could not get over
ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား…

I feelin' lucky, like a four leaf clover
လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့…

thinking what, it could be You & Me .
စဉ်းစားကြည့်ပါဦး…  အဲ့တာ မင်းနဲ့ငါပဲ မဟုတ်လား ။

.…………

၉နှစ်ကြာပြီးနောက် … ပစ္စုပ္ပန်ကာလ ။

ခွပ်ကနဲ အသံက ဝယ်လင်တန်အထက်တန်းကျောင်း၏ ဆရာများနားနေခန်းကို အပ်ကျသံပင်ကြားရအောင် တိတ်ဆိတ်သွားစေသည် ။

အရပ်ရှည်ရှည်လူကောင်ထွားထွား အယ်လ်ဖာကြီး၏ မျက်နှာချောချောကို လှပသေးသွယ်သော အိုမီဂါလေးက တချက်ခုန်ကာ ထိုးပစ်လိုက်ခြင်းဖြစ်သည် ။

စပရိုက်ဆန်ဆန် ထိုးခံလိုက်ရလေသော သန်သန်မာမာအယ်လ်ဖာကြီးက ကြမ်းပြင်မာမာပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားသည် ။ ထိုးပစ်လိုက်သော အိုမီဂါလေးက နားနေခန်းတံခါးကို ဝုန်းကနဲဆွဲဖွင့်ကာ သွက်လက်သောခြေလှမ်းများဖြင့် ခပ်မြန်မြန်ထွက်ခွာသွားသည် ။ နားနေခန်းဆီသို့ အပြေးအလွှားရောက်လာသော ကျောင်းအုပ်ကြီး ဆရာကျန်းကိုပင် လှည့်မကြည့်တော့ချေ ။

" ဆရာဗြောင် … ဒါ က ဘယ်ကို … ဆရာဗြောင် !  "

ကျောင်းအုပ်ကြီးမှာ ပြေးထွက်သွားသော အိုမယ်ဂါလေးကို ဆွဲမည့်ပင်စဉ်တွင် ဘေးမှ သန်သန်မာမာအရိပ်တခုက လျစ်ကနဲဖြတ်ပြေးသွားသည် ။

" ဆရာပါကင်းစ်… ဆရာ အဆင်ပြေ…… "

ဝုန်းကနဲ ခုန်ထကာ ပြေးလိုက်သွားသော အယ်လ်ဖာကြီးသည် ကျောင်းအုပ်ကြီးလူစီယန်ကျန်း၏အမေးကို ကြားလိုက်ဟန်ပင်မတူ ။ ကျောင်းအုပ်ကြီး၏ ဒေါသများက အပြင်သို့ ပေါက်ထွက်လာတော့သည် ။

" အာကွာ ! ဒီ စောင်အတွဲတွေကတော့ … !!!! "

…………………

သောကြာနေ့ညနေမို့ထင်ပါသည် ။ ပင်လယ်ပြင်ကြီးက အစွမ်းကုန်တောက်ပနေသည်။  နေရောင်ခြည်ကြောင့် မြင်မြင်ရာက ရွှေရောင်တောက်နေသည်။ ပုစွန်ဆီရောင်ကောင်းကင်ပြင်ပေါ်တွင် အိပ်တန်းတက်မည့်ငှက်များက ဟိုတစုဒီတစုပျံသန်းနေကြပြီ။

You & Me : Alpha & Omega (COMPLETED)Where stories live. Discover now