[Unicode]
I'm tripping and I could not get over
ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား…I feelin' lucky, like a four leaf clover
လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့…thinking what, it could be You & Me .
စဉ်းစားကြည့်ပါဦး… အဲ့တာ မင်းနဲ့ငါပဲ မဟုတ်လား ။………………
Theme Song on Media :
Love The Way You Lie - Eminem ft Rihanna…………………
ဘီလီ ဒီမနက် အစောကြီးနိုးနေသည် ။ ညကလည်း တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့ချေ ။
အိပ်ယာနုနုမှ ခုန်ထကာ ပြတင်းပေါက်ကလေးကို ဖွင့်လိုက်သည် ။ ဆားငန်ရေနံ့သင်းသော မနက်ခင်း၏ လေနုအေးကို ခံစားလိုက်ရသည် ။ လေသန့်သန့်ကိုရှူရှိုက်ရင်း ဘီလီ တခိခိရယ်မိသည် ။
မျက်နှာလေးကို မျက်နှာသစ်ဆေးမြှုပ်များနှင့် ပွတ်တိုက်ရင်းလည်း တခိခိရယ်သည် ။ သွားတိုက်ရင်း နှုတ်ခမ်းရဲရဲလေးကို ထိတွေ့ကြည့်ရင်း ပါးလေးများရဲတက်လာသည် ။ မှန်သားကို အာငွေ့ပေးကာ လက်ညိုးထိပ်လေးများဖြင့် L. O. E. I. I ဆိုသော စာလုံးလေးများကို ရေးခြစ်နေမိသည် ။ ထို့နောက် တခိခိရယ်ရင်း သူ့အကြောင်းကိုသာ တွေးမိပြန်သည် ။
အချစ်ဦးကြောင့် ဘီလီ အရူးတစ်ပိုင်းဖြစ်နေပြီ ထင်ပါသည် ။
" ဘီလီရေ !!! ဟိုကောင်လေး…… "
တီလေးဂွန်ဟွာ၏ အော်သံစူးစူးကြောင့် ဘီလီ ပြုံးရင်း လှေကားထစ်များကို ခုန်ဆွခုန်ဆွ ဖြတ်ဆင်းသွားသည် ။ အိမ်ရှေ့တံခါးဝတွင် တွေ့လိုက်ရသော စီနီယာ့ပုံစံကြောင့် ဘီလီ့မျက်နှာပေါ်မှအပြုံးလေးများ ရပ်တန့်သွားသည် ။
စီနီယာသည် ကျောင်းဝတ်စုံအစား ပေါ့ပါးသောအနက်ရောင်တီရှပ် ပေါ်က အနက်ရောင်ဂျက်ကတ်ကို ထပ်ဝတ်ထားသည် ။ ကာကီရောင်သားရေထည် ပေါ်မှ ပင်လယ်ပြာရောင် ချည်ထိုးထားသော ရိုးရာဘောင်းဘီနှင့် စီနီယာသည် တိုင်းရင်းသားအကြီးအကဲတစ်ဦး၏ ဟန်ပန်အပြည့်ဖြင့် ခန်းညားနေသည် ။ သို့သော်လည်း … ။
" စီနီယာ… ဘာဖြစ်လို့လဲ…… "
ဘီလီ မေးမိတော့ သူက ပြုံးသည် ။ သူ့အပြုံးက သိသာစွာ မှိန်ဖျော့နေသည် ။
YOU ARE READING
You & Me : Alpha & Omega (COMPLETED)
FanfictionI'm tripping and I could not get over ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား... I feelin' lucky, like a four leaf clover လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့... thinking what, it could be You & Me . စဉ်းစားကြည့်ပါဦး... အဲ့တ...