(6)

1.5K 268 46
                                    

[Unicode]

I'm tripping and I could not get over
ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား…

I feelin' lucky, like a four leaf clover
လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့…

thinking what, it could be You & Me .
စဉ်းစားကြည့်ပါဦး…  အဲ့တာ မင်းနဲ့ငါပဲ မဟုတ်လား ။

…………

မိုကေမာ Mocama ဆိုသောစကားလုံး၏ အဓိပ္ပာယ်က ဆားငန်ရေ… တနည်း သမုဒ္ဒရာ တဲ့ ။

ဘီလီသယ်လာသော ပါဆယ်ကို လာယူကာ ပိုက်ဆံရှင်းပြီးသွားသည်အထိ ထိုအသားနီစပ်စပ် လူတစ်စုသည် ဘီလီ နှင့် သူ့ ကို စောင်းငဲ့ကြည့်ရင်း မျက်ခုံးတပင့်ပင့် လုပ်နေကြသည် ။ အယ်လ်ဖာများ၏ အာရုံစိုက်ခံရသော ဘီလီခမျာလည်း စွတ်ကျယ်လက်ပြတ်ဖြင့် ချွေးနံ့သင်းနေသော သူ့ရင်အုပ်ကျယ်ကျယ်ထဲသို့သာ ပိုတိုးဝင်နေရုံသာ တတ်နိုင်သည် ။

" စီနီယာက ဒီမှာ အလုပ်လုပ်တာလား…  "

ဘီလီ သူ့ကို မော့ကြည့်ရင်း ခပ်တိုးတိုးမေးလိုက်သည် ။

" မိုကေမာက ကိုယ့်အပိုင်လေ… ဟဲ ဟဲ……"

ပါးချိုင့်ခွက်က ထင်းကနဲ ပေါ်လာသည်အထိ တဟဲဟဲရယ်နေသော သူ့ကို ဘီလီမျက်တောင်လေးများခတ်ကာ ကြည့်နေမိသည် ။

" ဘယ်တုန်းက မင်းအပိုင်ဖြစ်သွားတာတုန်း …  "

သူ့ခေါင်းက ဖောင်းကနဲအသံတချက်နှင့်အတူ ငိုက်ကျသွားသည် ။ နားရွက်ကားကားများပင် ပြုတ်ထွက်သွားပြီဟု ထင်ရတော့မတတ် ။

" အားး … နာတယ်ဗျ !!  "

စူးကနဲအော်ကာ ခေါင်းအနောက်ဖက်ကို ပွတ်သပ်နေသော သူ့ပုံစံမှာ ခပ်ဆိုးဆိုးကလေးတယောက်နှင့်ပင်တူသေးသည် ။

အနောက်မှထွက်လာသည့် သန်မာထွားကြိုင်းသော အယ်လ်ဖာကြီးက လက်ဖဝါးတပြင်ပြင်ဖြင့် သူ့ခေါင်းကို ထပ်ရွယ်နေသည် ။ထိုအယ်လ်ဖာကြီးက သူ့ ရင်ခွင်ထဲမှ ဘီလီ့ကို မြင်သွားတော့ မျက်ခုံးပင့်ကာ မေးသည် ။

" လိုရီ … ဒါက မင်းပြောဖူးတဲ့ လူဝါလေးလား…… "

အရှေ့တိုင်းသား လူဝါလေး ဟု သုံးနှုန်းခံလိုက်ရတော့ ဘီလီ နှုတ်ခမ်းလေးဝိုင်းကာ အယ်ကနဲ အာမေဋိတ်ပြုမိသည် ။ သူက တဟဲဟဲရယ်သည် ။

You & Me : Alpha & Omega (COMPLETED)Tempat cerita menjadi hidup. Temukan sekarang